Part-15

1.1K 115 4
                                    

"Yujinရော..."

"Yujinကိုတွေ့မိသေးလား "

dance clubတစ်ခုလုံးမှာ
Kim Gyuvinရဲ့ယုန်ပျောက်ရှာပုံတော်လေးက စတင်နေတော့သည်။တွေ့သမျှသူကို သူ့ကလေးလေးကိုမေးနေသည်မှာ
အမြင်ကပ်စရာအတိ။

"Gyuvinရေ...နင့်ကလေးက
သူ့စီနီယာအစ်မတွေနဲ့မုန့်ဝယ်ဆိုပြီးပါသွားတယ်ဟ "

Gyuvinမျက္မှောင်ကြုတ်
လိုက္မိသည်။Gyuvinကိုတောင်အသိမပေးပဲပါသွားတာ
Han Yujinတို့ဘာသဘောလဲ။

"ဘယ်ကိုပါသွားတာလဲ "

"မုန့်ဝယ်ပါဆို..."

"အဲ့တာနင်ပြောမှလား...ကျစ်..."

"အဲ့လောက်လဲဖြစ်မနေပါနဲ့...ပြန်လာမှာပေါ့ဟ မုန့်သွားဝယ်ရုံလေးကို "

ချက်ချင်းကိုမျက်စိပျက်မျက်နှာပျက်နဲ့ဖြစ်နေသူကိုကြည့်လို့မရတော့။ကိုယ်ပြောနေတာကိုပင်အရေးတစ်ချက္မလုပ် သူ့ကလေးလေးကိုဖုန်းလှမ်းဆက်နေသေးတာကြောင့် အပိုတွေဟုတွေးရင်း ခေါင်းခါ၍ဒင်းအနားကထွက်လာလိုက်သည်။

အမှန်တိုင်းပြောရရင် HanYujinကိုလုံးဝစိတ်မချပါ။အဲ့ကောင်လေးက Gyuvinနဲ့သူ့အစ်ကိုတွေနည်းနည်းလစ်တာနဲ့ သူစားချင်တာတွေစားပစ်တာ။အခုလဲမုန့်ဝယ်ဆိုပြီး
ဘာတွေမတည့်တာများလျောက်စားနေအုံးမလဲ စိတ်ပူရပါသည်။

Yujinနဲ့ပါသွားတဲ့အဖွဲ့က Gyujin shipperအကြီးစားတွေမို့လို့Han Yujinအနားကိုတခြားသူကပ်မှာကိုတော့စိတ်မပူရ။မတည့်တာတွေလျောက်စားနေမှာပဲစိတ်ပူရတာ။

ဖုန်းဆက်တော့လဲမကိုင်တဲ့ကောင်လေးကြောင့် Gyuvinမှာထိုင်မရထမရပင်ဖြစ်နေမိတော့သည်။
မျက်စိအောက်ကခဏတောင်အပျောက်ခံလို့မရပါလားနော် Han Yujinတို့က။

သူနဲ့ပါသွားတဲ့တခြားသူတွေရဲ့ဖုန်းနံပါတ်တွေ လဲမသိ။အခုမှဖုန်းနံပါတ်တွေ မမှတ်ထားမိတဲ့ကိုယ့်ဘာသာပဲအပြစ်တင်နေရတော့သည်။

အပြင်ဘက်ကိုတစ်ချက်ကြည့်မိတော့ မိုးရိပ်သန်းနေသလိုပင်။
ဒီကလေးထီးရောပါသွားရဲ့လားဟုစိုးရိမ်စိတ်ကအရင်ဝင်လာပြန်သည်။

ခဏလောက်နေတော့မိုးကလဲ ချက်ချင်းကို သည်းလာသည်။
Gyuvinမနေနိုင်တော့စွာပဲ လိုက်သွားရန်ပြင်လိုက်ကာမှကိုယ်တော်ချောလေးကပြန်ရောက်လာသည်။

Heart Sharker (Completed)Where stories live. Discover now