Part-23

1.1K 122 6
                                    

မီးဖိုချောင်ထဲမှာချက်ပြုတ်ပေးနေ
သည့် Yujinရဲ့သီးသန့် စားဖိုမှူးကြီးဟာ အလွန်ကိုမိမိုက်နေပါသည်။
ဒီနေ့တော့မနက်အစောကြီးထဲက
ကိုကို့်အိမ်ရောက်နေတာလေ။
Yujinမပြန်ခင်မှာချစ်သူရဲ့ဟင်းချက်လက်ရာလေးကိုတော့ မြည်းစမ်းခွင့်ရအုံးမည်။

မနက်ဖြန်ဆိုရင်ခွဲရတော့မည်ဟုတွေးမိသွားပြန်တော့ စိတ်မကောင်းဖြစ်မိပြန်သည်။မခွဲချင်ဘူး ကိုကိုနဲ့တစ်ရက်တောင်မှ။

အသားကလဲဖြူ အရပ်လဲရှည် ရုပ်ရည်ကလဲလုံးဝပါဖက်ဖြစ်နေတဲ့သူက တခြားမလုပ်တက်တာလဲဘာမှမရှိပဲ အရာရာကိုပါဖက်ဖြစ်လွန်းနေတာ။ကျိန်းသေပေါက် ကိုကိုကပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပဲလေ။Yujinနဲ့ဆိုယှဥ်လို့တောင်မရ။

ကိုကိုကပဲYujinကိုသဝန်တိုတယ်မြင်ကြပေမဲ့ တကယ်တမ်း Yujinဘက်ကလဲကိုကို့ကိုအများကြီးသဝန်တိုပါသည်။ကိုကို့ရဲ့ဒီလိုအေပရွန်ဝတ်ထားသည့် ပုံစံကိုလဲရှေ့လျောက် Yujinတစ်ယောက်ပဲမြင်သွားချင်ပါသည်။

Yujinမရှိတဲ့အတွင်းမှာ ကိုကို့ဘေးနားတစ်ခြားသူတွေလာကပ်နေကြမှာကိုလဲစိုးရိမ်ပါသည်။ကိုကို့ကိုမယုံတာတော့မဟုတ်ပေမဲ့ ဒီတိုင်း မကြိုက်ဘူး။

သေချာမှာခဲ့အုံးမှာ Yujinကိုနေ့တိုင်းvcခေါ်ဖို့၊ခဏခဏလဲဖုန်းခေါ်ဖို့
တခြားသူတွေနဲ့လဲမပက်သက်ဖို့ Yujinကိုပဲအမြဲလွမ်းနေဖို့ မှာခဲ့အုံးမှာ။

အခုတော့ချက်ပြုတ်နေသည့်သူကိုတက်နိုင်သလောက်လေး ကူညီပေးဖို့ပြင်လိုက်ရတော့သည်။

"ကိုကို ဒီကြက်သွန်လှီးမှာမို့လား ကျွန်တော်လှီးလိုက္မယ် "

"မလှီးရပါဘူး ဓားရှနေအုံးမယ်
ငြိမ်ငြိမ်ထိုင်နေပါကွာ နော် "

အကုန်လုံးသူချည်းပဲလုပ်နေပြီး
Yujinကိုကျဘာတစ်ခုမှ ဝင်လုပ်
မခံပဲ တားဆီးနေသည်။တကယ်ပဲ
လူကိုကြက်သွန်လေးတောင် အဖြစ်ရှိအောင်မလှီးနိုင်ဘူးများထင်နေလားမသိဘူး။

ကိုကိုကထိုကြက်သွန်တွေကို လှီးဖို်ပြင်လိုက်စဥ် သူ့ဖုန်းမှဖုန်းဝင်လာတာကြောင့် Yujinမှာဘယ်သူလဲဟုမေးလေးငေါ့မေးလိုက်တော့

Heart Sharker (Completed)Where stories live. Discover now