Part-11

1.2K 119 4
                                    

အချိန်တွေကတဖြေးဖြေးနဲ့ကုန်ဆုံးလာလိုက်တာ Yujinတို့နှစ်ဝက်စာမေးပွဲတွေတောင်ဖြေရတော့မည်။

ဒီအတောတွင်းYujinနဲ့ကိုကိုကတော့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့အချင်းချင်းကျီဆယ်နေကြတာပါပဲ။

တစ်ချိန်လုံးအကကိုပဲကချင်နေတဲ့
Yujinလေးက စာလုပ်ရမှာကိုတော့သိပ်ကိုပျင်းပါသည်။စာအုပ်လေးကိုင်လိုက်တာနဲ့အိပ်ပျော်သွားတော့တာပါပဲ။

စာမေးပွဲကလဲတစ်ပတ်ပဲလိုတော့တာကြောင့် dance clubကိုလဲ
မသွားရတော့ပေ။

Yujinရဲ့အကြောင်းကိုသိသည့်ကိုကိုက အားလပ်ချိန်တွေတိုင်းမှာ
စာကြည့်တိုက်ကိုအတင်းဆွဲခေါ်လာတော့သည်။

​ေကျာင်းစာကြည့်တိုက္မှာ ရည်းစားလေးနဲ့အတူထိုင်နေဖို့ကYujinရဲ့ရည်မှန်းချက်ပင်ဖြစ်သည်။စာအတူတူလုပ်ချင်၍တော့မဟုတ် ဒီတိုင်းစာလုပ်နေတဲ့ရည်းစားလေးရဲ့မျက်နှာကို​ ငေးကြည့်ချင်၍ဖြစ်သည်။

အခုလဲစာကြည့်ဖို့စာကြည့်တိုက်ကိုခေါ်လာပါသည်ဆိုမှ စာကိုတစ်ချက္မှမလုပ်​သေးပဲ သူ့ကိုသာငေးကြည့်နေတဲ့Yujinကို Gyuvin
အသဲယားလာရပြီး ကိုယ့်စာကိုတောင်စိတ်မရောက်နိုင်တော့။
ဒီကောင်လေးကဘာလို့အဲ့လောက်စာလုပ်ရတာအဲ့လောက်ပျင်းလဲမသိ။

"Han Yujin shii...ပထမနှစ်တွေက ပိုအကျများတယ်နော် "

နှဖူးလေးကိုဘော့ပင်လေးနဲ့ခပ်ဖွဖွတောက်လိုက်ရင်းပြောလိုက်တော့ မျက်နှာလှလှလေးဟာရှုံ့မဲ့သွားသည်။

"နဂိုကမှစာမလုပ်ချင်ပါဘူးဆို
ကိုကိုကစိတ်ဓာတ်ကျအောင်သိပ်ပြောတာပဲ "

"ကျောင်းသားကစာမလုပ်ချင်ရ
မလား...စာကိုကြည့်လိုက်တော့နော်...နားမလည်တာရှိရင်ကိုယ့်ကိုမေး"

"အကုန်ကို နားမလည်နေတာကြီး"

"ဘာရယ်....."
တိုးတိုးလေးပြောနေတာကိုမကြားလိုက်တာကြောင့် ပြန်မေးလိုက်တော့

"မဟုတ်ဘူး...စာလုပ်တော့မယ်လို့"

ဆူပုတ်ပုတ်လေးနဲ့စာအုပ်ကိုပြန်ကြည့်နေတဲ့ကောင်လေးက အလွန်မင်းကိုချစ်ဖို့ကောင်းနေပြန်သည်။
Han Yujinကစာလုပ်ပျင်းတဲ့
ငပျင်းလေးဖြစ်နေတာတောင် ချစ်ဖို့ကောင်းနေတုန်းပဲ။

Heart Sharker (Completed)Where stories live. Discover now