Part-10

1.2K 120 5
                                    

ကားမောင်းနေတဲ့စီနီယာ့ကို
Yujinဘေးကနေမဝင့်တရဲလေး
ကြည့်နေမိသည်။

ဆေးရုံကနေပြန်ထွက်လာထဲကYujinကိုစီနီယာကစကားမပြောလာတော့။ရုပ်တည်ကြီးနဲ့သာကားမောင်းနေသည်။

Yujinကိုအခုလိုလျစ်လျူမရှူဖို့အကြိမ်ကြိမ်ပြောဖူးတာကို စီနီယာကနားမထောင်ဘူး။

စီနီယာ့ရဲ့ဒီလိုအေးတိအေးစက်
ပုံ​ကြီးကိုလဲမကြိုက်ပါဘူးဆို။
စီနီယာနဲ့တွဲမှပဲ ရည်းစားကိုချော့ဖို့ညဏ်နီညဏ်နက်တွေကို စဥ်းစားရတော့သည်။

စီနီယာကကျန်တဲ့အချိန်ဆိုYujinကိုအရမ်းအလိုလိုက်ဂရုစိုက်ပေးတာမှန်ပေမဲ့ Yujinအမှားလုပ်မိပြီဆို နည်းနည်းလေးမှအလျော့မ​ပေးဘူး။

စီနီယာ့ကိုYujinပြောမိတာ အများကြီးလွန်သွားတယ်ဆိုတာသိပေမဲ့
ဒီလိုကြီးလျစ်လျူရှူခံထားရတာတော့နည်းနည်းလေးမှမကြိုက်ပါဘူး။

"ဆင်းတော့...."

မျက်နှာလေးကိုမဲ့လိုက္မိသည်။
ဒီအေးစက်စက်အသံကြီးကိုသဘောမကျလိုက်တာ။

"ကိုကို...တကယ်ပဲကျွန်တော့်ကိုမခေါ်တော့ဘူးလား "

ရှေ့ကိုသာကြည့်နေပြီး Yujinဘက်ကိုတစ်ချက်ပင်မကြည့်လာ။
အမြဲတမ်းအငယ်ဆုံးပီပီ အလိုလိုက်ခံနေရတဲ့ Yujinလေးက
ဒီလိုဆက်ဆံခံနေရတာကို လုံးဝကိုသည်းမခံနိုင်တော့တာကြောင့်
ဆောင့်အောင့်ပြီးသာ ကားပေါ်ကဆင်းခဲ့လိုက်တော့သည်။




"ပြန်ရောက်ပြီလား..."

"ရောက်ပြီ...... "

စိတ်လေးဟာမကြည်နေတော့
လာမေးတဲ့Taeraeကိုလဲဆောင့်အောင့်နေတဲ့အသံနဲ့ပြန်ဖြေမိသည်။

"အသံကဘယ်လိုဖြစ်...မင်းစီနီယာလိုက်ပို့တာမဟုတ်ဘူးလား "

"ဘာငါ့စီနီယာမှမဟုတ်ဘူး..."

"စိတ်ဆိုးလာတာလား "

မျက်နှာလေးဟာဆူပုတ်ပြီး
ဆိုဖာပေါ်မှာကိုယ်ကိုလျောပြီး
ထိုင်လိုက်သည်။ငိုချင်လာတဲ့စိတ်ကလေးကိုလဲ ေဒါသကထွက်လာသည်။

မီးဖိုချောင်ထဲကထွက်လာတဲ့
Gunwookကပါဆိုဖာမှာဝင်ထိုင်ပြီးမေးလာသည်။

Heart Sharker (Completed)Where stories live. Discover now