Part-19

943 116 6
                                    

အတန်းထဲကနေတစ်ဆင့် မသွားဖြစ်တာ၁ပတ်လောက္ပင်ရှိနေပြီဖြစ်တဲ့ dance clubကိုခဏကူးဖို့ပြင်လိုက်သည်။

စာမေးပဲွဲကြီးဖြေရဖို့တစ်ပတ်လောက်ပင်လိုတော့တာကြောင့် Yujinတို့dance clubကလဲအရင်လိုနေ့တိုင်းသွားစရာမလိုတော့။
၃ရက်တစ်ခါလောက်ပဲရောက်ဖြစ်တော့သည်။

မိုးရွာနေတာကြောင့် ထီးကိုဖွင့်လိုက်ဖို့ပြင်လိုက်စဥ် စိတ်ထဲဆစ်ခနဲဖြစ်သွားရသေးသည်။အခါတိုင်းဆို မိုးရွာတိုင်းYujinရဲ့အဆောင်ထိလာပြီး ထီးမိုးပေးဖို့လာစောင့်နေတက်သူကိုသတိရပါသည်။


"ကိုကို...ကိုကို့ဘက်ကိုလဲ
လုံအောင်ဆောင်းလေ စိုနေပြီကိုကိုက..."

"ကိုယ်ကအရေးမကြီးဘူး မင်းမစိုဖို့ပိုအရေးကြီးတယ် "

"မရဘူး...ကိုကိုသေချာမျှအောင်မဆောင်းရင် ကျွန်တော်မိုးရေထဲပြေးထွက်သွားလိုက္မှာနော်္"

Yujinဘက္မှကိုကို့မျက်နှာလေးကိုမော့ကြည့်၍ ခြိမ်းခြောက်လိုက်တော့မှ ကိုကိုက Yujinရဲ့ပုခုံးလေးကိုတင်းကျပ်စွာပိုဖက်လာပြီး ထီးကိုလဲ၂ယောက်အတူတူလုံအောင်သေချာဆောင်းလိုက်ပါတော့သည်။

"အဲ့လိုခြိမ်းခြောက်တာတွေ ဘယ်ကတက်လာတာလဲမင်း "

"ကိုကိုနဲ့တွဲပြီးမှတက်လာတာဗျ "

"အဆိုးလေးပဲလုပ်နေတော့ "

"ကိုကိုမှမလိမ္မာတာ "

"၁၈နှစ်သားပြောရမယ့်စကား
မဟုတ်ဘူးထင်တာပဲ "

"၁၈နှစ်ကလူကြီးဖြစ်နေပြီ ကိုကို
မသိဘူးလား "

Yujinဘက်ကဆက်ခနဲ ခပ်စွာစွာအသံလေးနဲ့ပြန်ဖြေမိတော့ ကိုကိုရဲ့ ထီးမကိုင်ထားတဲ့၊Yujinရဲ့လွယ်အိတ်လေးကိုလွယ်ထားပေးတဲ့လက်နဲ့ Yujinရဲ့ပါးကိုလာညစ်ပါသည်။

Yujinကမကျေနပ်သလိုမျက်စောင်းလေးထိုးမိရင် ကိုကိုကတော့အသဲယားသလိုနဲ့ Yujinရဲ့ပါးလေးကိုနမ်းဟန်ပြုသည်။Yujinကကိုကို့
လက္မောင်းလေးကိုရိုက်လိုက်ပြီး

"ကိုကို အပြင်ကြီးမှာလေ "

"မသိဘူးကွာ...မင်းကအရမ်းအသဲယားဖို့ကောင်းနေတာကို နမ်းချင်တာပေါ့ "

Heart Sharker (Completed)Where stories live. Discover now