Part-7

1K 103 1
                                    

မနက်ထဲကစောစောလာပြီး
အကတိုက်နေရတာဖြစ်ပြီး
Yujinမျက်နှာလေးဟာနွမ်းနေတာကြောင့် အရိပ်တကြည့်ကြည့်နဲ့
ကြည့်နေရသည်။

Gyuvinကသီချင်း၂ပုဒ်လောက်ပဲဝင်ဖျော်ဖြေစေချင်ပေမဲ့ ခေါင်းမာလှတဲ့ကောင်လေးက တခြားစီနီယာတွေထည့်ပေးတဲ့အတိုင်း၄ပုဒ်လုံးကိုဖျော်ဖြေပါမည်တဲ့....

အကစကတာ ဘယ္လောက္မှ
မကြာသေးပေမဲ့ သင်လွယ်အတက်လွယ်တဲ့ကောင်လေးမို့
စီနီယာတော်တော်များများကသဘောကျပြီး ဖျော်ဖြေရမည့်သီချင်းတိုင်းတွင် Yujinကိုထည့်ပေးသည်။

အခါတိုင်းဆိုရင်တော့ Gyuvinရဲ့ကလေးလေးက သူဝါသနာပါတဲ့
အကကနေချိန်ဆို ပြုံးရွှင်ပြီးတက်ကြွနေတက်ပေမဲ့ ဒီနေ့တော့မျက်နှာလေးဟာအနည်းငယ်နွမ်းနေသည်။

သီချင်းလေးပုဒ်စာအတွက်လေ့ကျင့်နေရတာမို့ ပင်ပန်းနေတော့မည်။ဘယ်လိုမှမနေနိင်တဲ့Gyuvinကပဲ အကုန်လုံးကိုခဏနားခိုင်းလိုက်ရသည်။

ကလေးလေးကို လက်ဆွဲလို့
လူရှင်းသည့် အဝတ်လဲခန်းဘက်သို့ခေါ်လာလိုက်သည်။

ပုံမှန်လိုသာဒီလိုdance clubမှာလက်ဆွဲခေါ်လာရင် Gyuvinကိုအပြစ်တင်အုံးမှာပေမဲ့ အခုတော့ငြိမ်ငြိမ်လေးပါလာသည်။

ခုံတန်းလေးမှာဝင်ထိုင်လိုက်တော့ Yujinလေးက သူ့လက္မောင္းကို လက်နှစ်ဖက်နဲ့ချိတ်ထားပြီးသူ့ပုခုံးပေါ်ကိုခေါင်းမှီလာ၍ မျက်လုံးလေးတွေမှိတ်ထားသေးသည်။

တော်ရုံဆိုskin shipနည်းတဲ့ကလေးက Gyuvinကိုဒီလိုတွယ်ကပ်နေသည်မှာ တော်တော်လေးကိုပင်ပန်းနေလို့ဖြစ်မည်။

ပါးလေးကိုပွတ်ပေးလိုက်ရင်း

"အရမ်းပင်ပန်းနေပြီလား "

"အင်း..နည်းနည်း..."

"မင်းလေးပုံစံကနည်းနည်းမဟုတ်ပါဘူး..."

"အာ့ဆိုများများ.... "

"အဆိုးလေး...မင်းကိုယ့်ကိုဒီလိုတွယ်ကပ်နေတာ သူများတွေမြင်သွားမှာမကြောက်တော့ဘူးလား"

"စီနီယာ တံခါးလော့ခ်ချခဲ့တာ
သိသားပဲ "

"အိပ်ချင်နေတာလား..."

Heart Sharker (Completed)Where stories live. Discover now