Part-17

983 103 7
                                    

Gyuvinအခုအိမ်ပြန်ရောက်တော့မှ
အဝတ်ဗီရိုကိုဖွင့်ကြည့်လိုက်တော​့
မမြင်ဖူးတဲ့အဝတ်တွေရောက်နေတာကြောင့် တစ်ချက်ထူးဆန်းသွားရသည်။

Yujinကလဲဒီလိုအဝတ်သစ်တွေလာထည့်ထားစရာအကြောင်း
မရှိပေ။ရေခဲသေတ္တာထဲကိုဖွင့်
ကြည့်လိုက်တော့လဲ အရံဟင်းဘူးတွေရောက်နေတာကြောင့်
မျက္မှောင်ကြုတ်သွားရသည်။

'မာမီ များလာထည့်သွားတာများလား...ဒါမှမဟုတ် မမလား'

Gyuvinရဲ့အိမ်ကိုဒီလိုပိုင်ဇိုးပိုင်နင်းလာလုပ်မည့်သူမှာအမေနဲ့အစ်မအပြင်မရှိတာကြောင့် ဖုန်းလှမ်းဆက်လိုက်သည်။

Yujinဒီလိုဖြစ်သွားသည်မှာ မာမီနဲ့အစ်မဖြစ်သူနဲ့မကင်းမှာကိုလဲတစ်ချက်စိတ်ပူလိုက်ရပါသည်။

ဖြစ်နိုင်ချေအရှိဆုံးမာမီ့ဆီဖုန်းအရင်ခေါ်လိုက်သည်။အစ်မဖြစ်သူကတော့Gyuvinဆီလာရင်တောင်ဒီလိုအရံဟင်းတွေအထိလုပ်လာပေးမည့်သူမဟုတ်။

"ဟယ်လို မာမီဒီနေ့ကျွန်တော့်တိုက်ခန်းကိုလာသေးလား "

"မာမီမလာဘူး...ဒါမဲ့Yuriနဲ့သားအတွက်အဝတ်စားတွေရော အရံဟင်းတွေရောထည့်ပေးလိုက်တယ်ရလား "

မာမီ့ရဲ့ပြောစကားကိုကြားလိုက်ရသည့်အခါမှာတော့ Gyuvinသဘော​ပေါက်သွားသလိုဒေါသလဲထွက္မိသွားသည်။Yujinဒီလိုဖြစ်သွားတာဟာ Kim Yuriကြောင့်လား။

"မာမီ...ဘာလို့အဲ့မိန်းမကို
ကျွန်တော့်အိမ်ထိလွှတ်လိုက်ရတာလဲ"

"သူကသားတို့သူငယ်ချင်းတွေစုပြီးသားအိမ်မှာမုန့်စားကြမို့ဆိုပြီးပြောတာနဲ့ ထည့်ပေးလိုက်တာ
မာမီလာရင်မင်းတို့သူငယ်ချင်းတွေအနှောင့်ယှက်ဖြစ်မှာစိုးလို့"

Gyuvinလက်သီးကိုတင်းတင်းဆုတ်ထားလိုက်သည်။တကယ်ပဲဒီမိန်းမနဲ့Yujinနဲ့တွေ့သွားတာပဲ။
ဘာတွေများပြောလိုက်လို့ သူ့ရဲ့Yujinကသူ့ကိုအကြီးကျယ်စိတ်နာသွားရတာလဲ။

"ကျွန်တော်နားလည်ပြီ..ဒါပေမဲ့
ကျွန်တော်ဟိုနေ့ကပြောခဲ့တဲ့အတိုင်းကျွန်တော်တို့်က သူငယ်ချင်းတောင်မဟုတ်တော့တာမို့ သူနဲ့မာမီတို့ပါထပ်မပက်သက်ပါနဲ့တော့ "

Heart Sharker (Completed)Where stories live. Discover now