Part-16

1K 119 4
                                    

Yujinနေမကောင်းလို့ကိုကို့အိမ်ကိုစပြီးလိုက်လာတဲ့နေ့ထဲက Yujinဟာကိုကို့အိမ်ကို တံခါးမရှိဓားမရှိပင်ဝင်ထွက်တက်လာသည်။

Gyuvinကdateဖို့ဘယ်နေရာသွားကြမလဲမေးရင်လဲ 'ကိုကို့အိမ်'
ဟူ၍သာဖြေတက်ပြီး အပြင်တွေဘာတွေတောင်လျောက္မလည်ချင်တော့ပဲ Gyuvinရဲ့အိမ်မှာပဲလာလာကပ်နေတော့တာပဲ။

ဒါကိုGyuvinကလဲသိပ်တော့
မကြိုက်ရှာပါဘူး။Yujinအတွက်
အဝတ်အစားအသုံးဆောင်တွေကအစ အကုန်အပိုဝယ်ထည့်ပေးထားသေးသည်။ရည်းစားတောင်မဟုတ်ပဲ သားလေးတစ်ယောက်မွေးထားသလိုပင်။

အခုလဲYujinကိုကို့အိမ်ကိုရောက်နေတာလေ။ကိုကို့ကသူ့အိမ်passwordကိုပါYujinရဲ့မွေးနေ့ပြောင်းပေးထားသေးသည်။

Yujinနဲ့လဲတည့်ပြီး Yujinကြိုက်တက်တဲ့ သားရေစာတွေကိုလဲ
အပြည့်ဝယ်ပေးထားပြီး ရေခဲသေတ္တာထဲမှာလဲ Yujinကြိုက်တဲ့အသီးတွေအပြည့်။

Yujinကတော့စားလိုက်သောက်လိုက် အိပ်လိုက်နဲ့ဇိမ်ကျနေတော့တာပဲ။ညနေမှောင်ခါနီးမှသာအိမ်ကိုပြန်သည်။

အမှန်တော့Yujinအပြစ်သေးသေးလေးတစ်ခုလုပ်ထားတာ။စာသင်နှစ်နောက်ဆုံးကိုရောက်ခါနီးပြီဆိုတော့ dance clubကိုလဲသိပ်ပြီးသွားစရာမလိုတော့ပဲ အတန်းပဲတက်နေရသည်လေ။

ထို့ကြောင့်ဒီနေ့အတန်းမတက်ချင်တာကြောင့် ကိုကိုမသိအောင်ကျောင်းပြေးပြီး ကိုကို့အိမ်မှာလာနေနေတာ။

စာဆိုလုံးဝကိုမသင်ချင်တော့တဲ့
Han YujinကိုGunwookတို့ကလဲ
ပြောမနိုင်တော့။အတန်းမှန်တက်ဖို့ကိုတောင်Gyuvinဆီ အပ်ထားကြသည်။

အခုတော့သူတို့မသိအောင်ပင်
ကျောင်းကနေထွက်သွားတဲ့Yujinကို ဖုန်းဆက်ပြီးလှမ်းဆူနေကြသည်။

"မင်းအဲ့လောက်ပျင်းနေတာ
လေးလေးတို့ဆီလှမ်းတိုင်မှာ
သိလား "

"အတန်းတွေလဲမှန်အောင်မတက်တာ မင်းရုံးခန်းခေါ်ခံရတော့မယ်"

"မင်းကိုစီနီယာGyuvinလဲပြော
မနိုင်တော့ဘူးလား "

"နောက်ဆုံးစာမေးပွဲကြီးကနီးနေပြီ မင်းဘာစာရပြီလဲ ဒီလောက်အရေးကြီးနေတဲ့အချိန်ကိုအတန်းကပြေးလိုက်သေးတယ် "

Heart Sharker (Completed)Where stories live. Discover now