Part-30

1K 103 2
                                    

မျက်လုံးနှစ်လုံးဖွင့်လိုက်တာနဲ့ခံစားလိုက်ရတဲ့ရင်ခွင်ထဲကအနွေးဓာတ်လေးကြောင့် Gyuvinရဲ့တစ်နေ့တာဟာပိုလို့ပင်ပြည့်စုံသွားသလို။

မြင်နေရတဲ့ပါးလေးတစ်ချက်ကိုခပ်
ဖွဖွ​လေးတစ်ချက်နမ်းလိုက်တော့ မျက်နှာ​လေးဟာတစ်ချက်တော့တွန့်သွားပေမယ့် နိုးတော့မနိုးသွားသေး။

နာရီကိုကြည့်လိုက်တော့၇နာရီသာရှိသေး။Gyuvinကသာစောစောနိုးတက်ပေမဲ့ Han Yujinလေးကတော့
နောက်ကျမှသာနိုးတက်တာသိတာမို့
Gyuvinမှာငြိမ်ငြိမ်လေးနေ၍မျက်နှာလှလှလေးကိုငေးကြည့်နေရသည်။

မနေ့ညနေက Gyuvinအိမ်ကိုခေါ်သွားပြီး မိသားစုနှင့်မိတ်ဆက်ပေးလိုက်သည့်အခါ Han Yujinလေးဟာ Gyuvinဆီကတင်မဟုတ်ပဲ Gyuvinတို့တစ်အိမ်လုံးဆီကပင် အချစ်တွေအကုန်သိမ်းကျူံးယူသွားပါတော့သည်။

မနေ့ကမှYujinကိုမြင်ဖူးသည့် ဒယ်ဒီဆို သားသားလေးဆိုတာကနေ ပါးစပ်ဖျားကနေမချ။Gyuvinကိုတောင်တစ်ခါမှအဲ့လိုမခေါ်ဖူးတာကိုလေ။

မွေးနေ့ရှင်ဖြစ်တဲ့Gyuvinကိုတောင်အကုန်ပလစ်ထားလိုက်ကြပြီး သူတို့ရဲ့သမက္လောင်းလေးကိုသာ ရှိသမျှအတန်းရှင်းတွေအကုန်ပေးထားကြတာ။Gyuvinဖြင့်မနိုင်တော့လို့
ကြည့်နေရုံသာတက်နိုင်ခဲ့သည်။

အတက်ပတက်လေးကလဲ ဘယ်လိုနေရင်အချစ်ခံရမယ်ဆိုတာအရမ်းသိ။Gyuvinမှာတော့ ကောင်လေးအနေရခက္မည်ကိုစိုးရိမ်နေခဲ့ပါသော်လဲ Yujinကတော့အရမ်းကိုအဆင်ပြေနေခဲ့ပါသည်။

Gyuvinရဲ့မိသားစုတွေ
နှင့်လဲ အဆင်ပြေပြေဖြစ်နေခဲ့သည့်ကောင်လေးက မျက်လုံးရိပ်လေးတွေကအစပြုံးနေပြီး အရမ်းကိုပျော်နေခဲ့သည့်ပုံပေါ်ပါသည်။

အကုန်လုံးက Yujinကိုပါအဲ့ဒီမှာပဲအိပ်ရန်ခေါ်နေသည်မို့် Gyuvinမှာအတင်းဝင်ဖျက်၍ ညဥ့်နက်သည်မှဒီအိမ်သို့ ပြန်ဆွဲခေါ်လာခဲ့ရတာ။ဒီအဆိုးလေးကလဲ ဟိုအိမ်မှာပဲအိမ်မည်လုပ်နေ၍ ချော့မော့ပြီးပြန်ခေါ်ခဲ့ရသည်။

'အင့်..'

အိပ်​နေသည့် ကောင်လေးထံမှ အသံသေးသေးလေးထွက်လာ၍
ေခြထောက်လေးတစ်ဖက်ကို Gyuvinရဲ့ပေါင်ပေါ်သို့ ပစ်တင်လိုက်သေးသည်။ မျက်လုံး​လေးတွေကိုပါသူ့လက်လေးတွေနှင့်ဆွဲပြီးပွတ်နေတာမို့ Gyuvinမှာ လက်လေးတွေကိုဆွဲထားလိုက်ရသည်။

Heart Sharker (Completed)Where stories live. Discover now