Part 3 (Uni+Zawgyi)

2.6K 109 18
                                    

Uni

📩စာ​မေးပွဲ မ​ဖြေနိုင်ဘူး

သူရတစ်​ယောက် ဆိုင်ကယ် ရပ်လိုက်ပြီး စာ​ရေးထားတဲ့ မှတ်စု စာအုပ်တစ်အုပ်ကို ကို​မောင့် စက်ဘီးခြင်းထဲထည့်လိုက်၏။  သူများ guardian ​တွေ ဆို စာ​မေးပွဲ​ဖြေနိုင်လား လာ​မေးကြ​ပေမယ့် သူ့ ကို​မောင်က​တော့ စာ​မေးပွဲမ​ဖြေခင် ၁ပတ်အလိုမှာ guide ​သေချာ လုပ်​ပေးပြီး စာ​မေးပွဲ​​ဖြေ​နေတာ​တောင် လာမကြည့်တာမို့ သူရ​ဒေါသ ထွက်​နေရသည်။ ကို​မောင်တို့ကတနင်္လာ ၊အင်္ဂါ နှစ်ရက်ပဲ ​ကျောင်း လာရတာပါ။ ကျန်ရက်​တွေက ​ဆေးရုံထဲမှာပဲ ရှိတာပါ ။ သူရတို့ ​နေတဲ့ ဝန်ထမ်းအိမ်ယာကလည်း ​ဆေးရုံထဲမို့ သူက​တော့ ​မျှော်​နေမိပါသည်။

"ဘယ်လိုလည်း သူရဖြေနိုင်လား "(​မြတ်​​ကျော်)

"မစိုးပါဘူး "(သူရ)

​​"မေးမ​နေနဲ့ လဒ အဲ့​ကောင်က ​အေး​ဆေး
မင်းသာ ကြယ်​တွေ မပါ​အောင်လုပ်"(​​အောင်​အောင်)

​"အေး ဟုတ်တယ် ဗိုလ်ကြီးဖြစ်​နေအုန်းမယ် "(စိုင်း)

သူတို့​​အောင်စာရင်းက အမှတ်နဲ့ မထွက်ဘဲ စတား​တွေ ပါပြီးထွက်တာပါ ။ အမှတ် ၅၀ နဲ့ ၄၀ ကြား ကျတာဆိုနာမည်​နောက်မှာ ကြယ်တစ်ပွင့် ပါ၏။ ၄၀နဲ့ ၃၀ ကြားဆို ကြယ် နှစ်ပွင့်နဲ့ ၃၀ ရဲ့​​အောက်ဆိုရင်​တော့ ကြယ် ၃ပွင့် ပါ ။ ၇၅ အထက်ရတဲ့သူဆိုရင်​တော့ credit လို့​ရေးထား ၏။

"အမ်
ဘာလို့လည်း သူစာ​တွေ ဒီ​လောက်ရတာ"

ပြည့်ဖြိုး​မောင်က​တော့ သူ့စက်ဘီးခြင်းထဲမှာ​တွေ့ရတဲ့ သူရ ရဲ့ စာကို မြင်ပြီး စိတ်ပူခြင်းများစွာဖြင့် သူရတို့အ​တန်းဘက်အ​ပြေးအလွှား လိုက်လာခဲ့၏။ ​တွေ့လိုက်ပါပြီ ကန်တင်းမှာ စာ​မေးပွဲ ​ဖြေပြီးလို့ရီ​မော ​နေတဲ့ ​မောင်သူရကို ။

​"မောင်သူရ !!!"

"ဗျာ "

"ငါ​ပြောစရာရှိလို့ "

သူရ သူငယ်ချင်း​တွေ အံသြတာက​တော့ သူရရဲ့ အပိုးကျိုးမှု့ကိုပါ ။ ကိုပြည့်ဖြိုး​မောင်က အထက် စီးက​နေ သူရကို ​ခေါ်သွားတာ စား​နေတဲ့ ထမင်းကို​တောင် မစားဘဲထားခဲ့ပြီး အမြန်လိုက်သွားတာ​ကြောင့်ပါ ။

Always by your side (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ