Part 25 (Uni+Zawgyi)

1.7K 68 28
                                    

Uni

"ကို​မောင့်!!!လွမ်း​နေတာ"

"ပိုပြီ
လာ​လေ ညစာ စားဖို့ ​စောင့်​နေတာ
ဘာလို့​နောက်ကျ​​နေတာလဲ "

"OT ရှိလို့ "

သူရ လည်း ရန်ကုန်က ပြန်လာထဲက ကို​မောင် ဆီမှာ ထမင်းစားတာပါ ။ ​ဆေးရုံမှာလည်း အမြဲ​တွေ့​နေရ​ပေမယ့် ကို​မောင့်ကို မ​တွေ့ရတဲ့အချိန် psycho ​တောင် ဝင်​နေတာက ပြန်​ပျောက်သွားမှာ စိုးတာပါ ။ အခုလည်း အလုပ်ကအမြန်ပြန် လာပြီး ​ရေချိုးကာ ​ဘောင်းဘီရှည် အကွက်နဲ့ sport T shirt ဝတ်ကာ ကို​မောင့်အခန်းဘက်​ပြေးလာရ၏။ကို​မောင့်မျက်နှာမြင်ရမှ စိတ်ချမ်း သာ သွား​​တော့၏။

​"ကောင်းလား "

​"ကောင်း လက်ယာ ​တွေတက်လာပြီ "

"ဟီးဟီး "

ပြည့်ဖြိုး​မောင်ရဲ့အားနည်းချက်က ဟင်းမချက်တတ်တာပါ။သူချက်တဲ့မ​ကောင်းမကန်း​လေးကို စား​ပေးတဲ့ သူ​ကောင်​လေးကို သ​ဘောတကျ ကြည့်လိုက်၏။ ဒီ​နေ့ညစာက​တော့ ကြက်သားသုပ်နဲ့ ကုလားပဲနှပ်၊ငံပြာရည်​ကြော် ၊အတို့စုံပါ ။ မ​ကောင်း တဲ့လက်ယာ​လေးကို အကြီး အကျယ်စား​နေတဲ့သူ့​​ကောင်​လေးကိုငေး ကြည့်လိုက်၏။

"ဘာကြည့်တာလဲ "

"ချစ်လို့ "

"ဗျာ !!!"

"မဗျာ နဲ့ ကို​မောင် ပိုက်ဆံစုနေတာ "

"ဘာလုပ်ဖို့လဲ "

"ဖိုးသားကို ​တောင်းမလို့
ဒယ်ဒီနဲ့တီကြီးဆီမှာ "

"ပြွတ်စ်!!!
​တော်ရုံပဲ ချစ်ဖို့​ကောင်း "

သူရလည်းထမင်းစား​နေရင်း ကို​မောင် ပါးကြီးကိုနမ်းပစ်လိုက်၏။သူ့ကို​တောင်တင်​တောင်းဖို့ ပိုက်ဆံစု​နေတဲ့သူက တစ်​​နေ့တ​စ်နေ့OPD လူနာ ၁၀၀​ကျော်​လောက်ရှိ၏။တစ်​ဆေးရုံလုံးကို​မောင် ဝင်​ငွေအ​ကောင်းဆုံးပါ ။ အသုံးအဆွဲလည်း လုံးဝမရှိတဲ့အပြင်အပြင်စာမစားတာမို့တော်ရုံ လည်း ဆိုင်မထိုင်ဖြစ်တဲ့သူပါ ။

"ပြန်​တော့မှာလား "

"ဟုတ်....ကို​မောင်ပဲ​လေ
ကျ​နော်က အတူတူ အိပ်ချင်တာ "

Always by your side (Completed)Where stories live. Discover now