Part 18 (Uni+Zawgyi)

1.3K 58 18
                                    

Uni

"ဟင်းးး မာမီ
ချမ်းတယ် "

"အမ် အာာ ဖိုးသားဖျား​နေပြီ "

ပုဂံက ပြန်​ရောက်တဲ့ညမှာဘဲ ဖိုးသား အဖျား​တွေ တက်​နေတာ ပါ ။ သူလည်း အတတ်နိုင်ဆုံးပြုစု ​ပေးပြီး အဖျားကျ​အောင် လုပ်ထားရသည်။ ​ဆောင်းတွင်း ကြီးကို ပူကျစ်​နေ​အောင် အဖျား တက် နေတာမို့ ​ဆေးအိတ်ထဲမှာ ​ဆေး ရှာပြီး တိုက်ရ​တော့သည်။ အဖျား ကြီးပြီး သူ့ကိုယ်သူ ​ဆေး​သောက်မှန်း မသိ​​ပေမယ့် လူကို ဖက်ထားတာ​တော့ တင်းကျပ်​နေတာပါပဲ ။

"ဖိုးသား​လေး ​အေးလို့လား "

"ဟုတ် "

"လာ ကို​မောင်ဖက်ထားမယ် "

"ဟုတ် "

"ကျွတ်ကျွတ်
ကို​မောင့် က​လေး​လေး အဖျား အမြန်ကျပါ​စေ "

ပြည့်ဖြိုး​မောင်တစ်​ယောက်အ​မေကြီးလို ဖိုးသားကို ရင်ခွင်ထဲမှာ ထားပြီး တစ်ညလုံး ဖက်ထားရ ၏။ မိုးလင်းခါနီးဖိုးသား အဖျားကျမှသူလည်း စိတ်ချပြီး အိပ်​ပျော်​တော့သည်။

"ဖိုးသား !!"

"ဗျာ "

ညတုန်းကသာဘာမှန်းမသိတာ မနက်လင်း​တော့ ​အိပ်​ပျော်​နေတဲ့ကို​မောင့်ကို ရင်ခွင်ထဲသွင်းပြီး နဖူး​လေး ကို နမ်းလိုက်၏။ ရဲဆို​နေတဲ့ နှုတ်ခမ်း​လေးကို ရန်ရှာခါနီး ကို​မောင်က နိုးလာပြီမို့ ပြုံးပြလိုက်၏။

​"နေ​ကောင်းပြီလား "

"ဟုတ်
ကျ​နော့ရဲ့ ချစ်သူက ဆရာဝန်ဆို​တော့ ​
နေမ​ကောင်းလည်း​အေး​​ဆေးပဲ
ပြွတ်စ်!!! "

​"တော်ရုံပဲ မျက်နှာ​ပြောင် ဖိုးသား​လေး
Antibiotic (ပိုးသတ်​ဆေး) ၃ရက်​သောက်ရမယ်
အဖျား မကြာ​အောင်လို့ စာ​မေးပွဲက ၂လပဲ လို​တော့တာ​နော် "

"Antibiotic ကြီးမ​သောက်ချင်ဘူး "

"မ​သောက်လို့မရဘူး "

​"သောက်ပြီးရင် အားမရှိသလိုကြီး "

"ကို​မောင်က အား​ဆေး တိုက်မှာ​ပေါ့
ပြွတ်စ် !!!"

​နေ​မ​ကောင်းတဲ့လူကလည်း သူက နှုတ်ခမ်းနဲ့ ရွယ်ရုံ ရှိ​သေးတယ် သူ့ နှုတ်ခမ်းတစ်ခုလုံး ဝါးမျို ပစ်လိုက်​တော့သည်။ ​နေသာမ​ကောင်းလို့သာ အသက် ၂၀ ရွယ်​ကောင် ​လေးက အား​တော့အင်မတန်​ကောင်း၏။

Always by your side (Completed)Wo Geschichten leben. Entdecke jetzt