Part 17 (Uni+Zawgyi)

1.4K 67 16
                                    

Uni

"ကို​မောင့်!! ကျ​နော် အပြင်ခဏသွားအုန်းမယ်​လေ "

​"မှောင်​နေပြီ​လေ
ကို​မောင် လိုက်မယ် "

"ရတယ် ကျ​နော်တစ်​ယောက်ထဲ သွားမယ် "

"မင်းက ငါ့ကို မ​ခေါ်ချင်တာလား
ရတယ် သွားသွား
ဘယ်​တော့မှ လာမ​ခေါ်နဲ့ "

ပြည့်ဖြိုး​မောင်စိတ်ဆိုးလွန်းလို့အမြန်​ရေချိုးခန်း ထဲဝင်သွားလိုက်၏။ သူ့ကို​ဆေးရုံကို ဝင်ကြိုထဲကသွားလို့ရတာကိုဘာလို့များအခုမှ တစ်​ယောက်ထဲသွားချင်​နေလည်းမသိ အ​တော် စိတ်ဆိုးတာပါ ။ကိုယ်ချစ်တဲ့​ကောင်​လေးကကိုယ့်ကို အ​လေးမထားတာ​လောက် စိတ်ဆိုးတာ မရှိပါဘူး ။ ​ရေ ချိုးခန်းထဲမှာ မျက် ရည်​တွေကျ​နေပြီးရာသီဥတု အရမ်း​အေး​နေ​ပေမယ့် သူ့ရင်ထဲ​တော့ အ​တော်ပူ​လောင်​နေ၏။

"ကို​မောင် ကျ​နော် သွားပြီ​နော်
​ရေမြန်မြန်ချိုး အ​အေးပတ်​နေအုန်းမယ် "

သူရလည်း စိတ်ဆိုး​နေတဲ့ ဆရာဝန်​ပေါက်စ ကို လှမ်း​အော်​ပြောကာ သူအမြန်ထွက်လာခဲ့လိုက် ၏။  ​ဆိုင်ကယ်စီးရတာရေလည်း ချိုးထားပြီး ​နောက်က​နေ ဖက်​ပေးမယ့် သူလည်း မရှိတာမို့ အ​တော်​အေး​နေ​တော့သည်။ အိမ်အပြန် ကို​မောင့်ကို ​ချော့ဖို့လည်း ကြိုးစားရအုန်းမည်။ အခု​တော့ သူလုပ်ရမည့်အလုပ်ကို ပြီးစီး​အောင် အမြန်လုပ်ပြီး အိမ်ပြန်လာခဲ့၏။ စိတ်ဆိုး​နေတဲ့သူက အိမ်​ရှေ့မီး​တွေ​တောင် ဖွင့်မထားဘဲ အခန်းထဲမှာ စိတ်​ကောက်​နေတာ ​​​ကွေး​နေတာပါပဲ။

"ကို​မောင့် ထ
ကျ​နော် ထမင်း​​ကြော် ဝယ်လာတယ်
လ္ဘက်သုပ်​ကော "

"........"

"ကို​မောင်!!!
ကျ​နော်က အရမ်းချစ်တယ်​နော် သိထား​ပေး "

".........."

"အား ဗိုက်က ဆာလိုက်တာကွာ
ကို​မောင်မှမစားတာရင် ကျ​နော်လည်း မစားဘူး "

သူရကသူတစ်​ယောက်ထဲကို​မောင့်အခန်းထဲမှာ မျိုးစုံ​ချော့​ပေမယ့် လုံးဝ ​ချော့မရတာမို့ ​ရေ​သောက်ပြီး အိမ်​ရှေ့က သူ့တို့အိပ်တဲ့ဧည့်ခန်းကမွေ့ယာ​ပေါ်ရောက်လာ​တော့၏။ဘေးမှာ ​ထောင် ထားတဲ့ဂစ်တာကို ကြိုးညှိကာ ဟင်္သာ တို့ရဲ့ နန်း​တော်​ရှေ့ သီချင်းကို စိတ်လွတ် ကိုယ်လွတ်သီဆို လိုက်၏။ တကယ် ဗိုက်ဆာ​နေ​ပေမယ့် ကို​မောင်က ညစာထွက်မစားတာမို့သူလည်း ညစာ မစား​တော့ပဲ  စာဖတ်​နေလိုက်၏။

Always by your side (Completed)Where stories live. Discover now