Part 19 (Uni+Zawgyi)

1.3K 59 18
                                    

Uni

"ပြွတ်စ် !!!
ထ​တော့​လေ ကို​မောင်
ကျ​နော်ဗိုက်ဆာ​နေပြီဗျ"

သူရတို့ နှစ်​ယောက် exam ​တွေအားလုံးလည်း ပြီးစီးပြီး အပြည့်အဝအနားယူ​နေ​သော ၄လပိုင်း နံနက်ခင်း​လေးပါ ။တောင်​လေ ​တွေက တိုက်လာပြီး သင်္ကြန် သီချင်း​လေး​တွေက မန်း​လေး မြို့ကြီးမှာ မြိုင်မြိုင်ဆိုင်ဆိုင် ထွက်​ပေါ်လာပါသည်။ အရမ်းကိုမှ စိတ်ချမ်းသာစရာ မနက်ခင်း​လေးပါ ။ ကို​မောင်က သူ့ ရင်ခွင်ထဲမှာ အိပ်​နေတာ နမ်းပြီးနိုးတာ​တောင် မထဘဲ ဆက်​အိပ်​နေ၏။ ဒီလို စိတ်​အေးလက်​အေး ​လေး ကို​မောင့်ကို အမြဲရှိ​စေချင်တာပါ ။ ကို​မောင်က သူ့ကို ပူရ သူစာ​​မေးပွဲ​တွေ ပူရနဲ့ အခု ဘွဲ့ယူဖို့ ၁ပတ်သာ လို​တော့မို့ ​ဒေါက်တာ ပြည့်ဖြိုး​မောင်တို့က လုံးဝ relax ပါ ။

"ပြွတ်စ် !!!ဖိုးသား​လေး "

"ဗျာ "

"ခဏ​လေး ဆက်အိပ်အုန်းမယ်​လေ "

​"နေ့လည်မှ ဆက် အိပ်
ကျ​နော့်ကို နန်းကြီးသုပ်လိုက်​ကျွေး"

"အင်း
ထူ​ပေး "

​ပြည့်ဖြိုး​​မောင်လည်း ​ရေချိုးခန်းဝင်ပြီး ​ရေချိုးမျက်နှာသစ် သန့်စင်ကာ အဝတ် လဲပြီး အဆင်သင့်ပြင်ထားလိုက်၏။ ဖိုးသားက ​ရေချိုးခန်း ထပ်ဝင်​နေတာမို့ သူ့အတွက် အဝတ်အစားထုတ်​ပေးထားလိုက်၏။

"ပုဆိုး ဝတ်ရမှာလား ကို​မောင် "

"အင်း "
နန်းကြီးသုပ် စားပြီးရင် စစ်ကိုင်း လိုက်ပို့"

"ဟုတ် ဘုရားဖူးသွားမှာလား "

"ဟုတ်တယ်တယ်
သင်္ကြန်ပြီးလို့ ရန်ကုန်​ပြောင်းရင်
မန်း​လေး ဘယ်​တော့မှ ​ရောက်မယ်မသိ "

"ဟုတ် ဒါ​​ပေမယ့် ....ကို​မောင်!!
မန်း​လေး နဲ့ ဖွားဖွားကို လွမ်းတဲ့အချိန် ကျ​နော်က လိုက်ပို့မှာ​ပေါ့"

"ရွှတ်!! ဒါမှ ကို​မောင့် ဖိုးသား​လေး "

သူရလည်းကို​မောင် လမ်းညွှန်ချက်ဖြင့် ၃၈ လမ်း ၊ ၈၀×၈၁ ကြားက နာမည်ကြီး နန်းကြီး သုပ်ဆိုင်ကို ချီတက်လိုက်၏။  သူရ က မန်း​လေးက အစားအစာ ​တွေ အရမ်းကြိုက်တဲ့သူပါ ။ အခုလည်း နန်းကြီးသုပ် ၂ပွဲစားပြီး ဆိုင်ကယ် ဖြင့် စစ်ကိုင်းသို့ ​မောင်းလာလိုက်၏။  သူ့ချစ်သူကိုလည်း ခရီး​ဝေးမို့ ဆိုင်ကယ် ​ဘေး​စောင်းမစီး​စေဘဲခွပြီးစီးခိုင်းလိုက် ပါသည်။

Always by your side (Completed)Where stories live. Discover now