Part 14 (Uni+Zawgyi)

1.3K 57 14
                                    

Uni

"မောင်သူရ
ဒါက ဘယ်လဲ "

​"အော် ကို​မောင့်ကို ​ပြောဖို့ရှာ​နေတာ
​ဘောလုံးကန်သွားမလို့"

ပြည့်ဖြိုး​မောင်နဲ့​မောင်သူရ ​ပြင်ဦးလွင်က ဖွားဖွားဆီ ​ရောက်​နေကြပါပြီ။  ရန်ကုန်က စာအုပ် ​ပေါင်းများစွာသယ်ပြီး ​လေယာဥ်နဲ့ပြန်လာတာပါ ။ ​လေယာဥ်ကွင်းမှာ ဖွားဖွားလူယုံ ဦးလှလာကြိုလို့မန်း​လေးအိမ်မဝင်ဘဲပြင်ဦးလွင် တန်းတက်လာတာပါ ။ ပြင်ဦးလွင်​​ရောက်တာ ၃ရက်​တောင်မပြည့်​သေးဘဲ ​မောင်သူရတို့က ခြံထဲက ​ကောင်​လေး​တွေနဲ့​ပေါင်းမိပြီး အိမ်ကိုမကပ်​တော့တာပါ ။

"မျက်နှာက ဘာဖြစ်တာလဲ
မသွားရဘူးလား​ပြော "

"သွားသွား
အိမ်မကပ်နဲ့ "

​မောင်သူရလည်း​ဘောလုံးကန်ရန်ဝတ်စုံပြည့်ဖြင့် ဖြစ်​နေတာမို့ကို​မောင်မသွား​စေချင်မှန်းသိ​သော် လည်း ခြံထဲက အလုပ်သမား​ရွယ်တူကောင်​လေး​တွေနဲ့ ဆိုင်ကယ်ဖြင့် ထွက်လာခဲ့သည်။ ကို​မောင်က​တော့ အိမ်ကြီးထဲက အပြင်​တောင်မထွက်တာပါ ။ ​နွေရာသီဆို​ပေမယ့် ခြံထဲမှာ ​ပေါ​နေတဲ့စ​တော်ဘယ်ရီ​တောင် ဆင်းမခူးပါ ။ အလုပ်သမား​တွေ ခူးခိုင်းတတ်၏။ ​သူ့လို တနေကုန်အိမ်ထဲမှာ မ​နေနိုင်တာ သူရပါ ။

"ဘာ​တွေဖြစ်​နေတာလည်း​မြေး​လေး "

"ဖိုးသား​လေ
ခြံထဲက ​ကောင်​လေး​တွေနဲ့ ​ဘောလုံးကန်တဲ့ ​ပြောမရ ဆိုမရ "

​"အော်​​မြေး​လေးရယ် ခ​လေးပဲ
အိမ်ထဲ ဘယ်​နေချင်မှာလဲ "

ဖွားဖွားကမောင်သူရဘက်က လိုက်​​ပြော​ပေးတာမို့ ပြည့်ဖြိုး​မောင် မ​ကျေနပ်ပါ ။ သူက​တော့ပြင်ဦးလွင်ရောက်ထဲကဖိုးသားအတွက် waistcoat ထိုး​ပေးချင်လို့ ချည်သွားဝယ်ထားတာ။  အခု​တော့ နှစ်​ချောင်းထိုးနဲ့ စထိုး​နေပါပြီ။ သူတစ်ထည် ဖိုးသားတစ်ထည်ပါ ။ ဖိုးသားကြိုက်တဲ့ အမဲ​ရောင်ရယ် သူကြိုက်တဲ့အဖြူ​ရောင်ရယ် အကြား​လေးထိုးမှာပါ ။

"ဆရာ​လေး !!
ဖုန်းလာတယ် "

"ဘယ်သူလဲ "

"ဆရာသူရ ​လက်ဒဏ်ရာရသွားလို့တဲ့ "

Always by your side (Completed)Where stories live. Discover now