Part 31 (Uni+Zawgyi)

1.2K 54 30
                                    

Uni

"သဲ...မျက်နှာလည်း မ​​ကောင်းဘူး
ဘာဖြစ်တာလဲ "

"ဘာမှမဖြစ်ပါဘူး "

"တစ်ခုခု ဖြစ်​နေပါတယ်
​ယောကျာ်းကို မ​ပြောလို့ ဘယ်သူ့ကို ​ပြောမှာလဲ "

​ဆေးရုံက အလုပ်ဆင်းထဲက ကို​မောင့်မျက်နှာ မ​​ကောင်းတာပါ ။ ​မေးလို့မရတာမို့သူရ အ​တော်​လေး ​​ဒေါသ ထွက်​နေပါပြီ။ ဒါ​ပေမယ့်လည်း ​ပြောလိုက်ရင် ငို​တော့မယ့် မျက်နှာထားမို့ ကို​မောင့်ကို ​စိတ်​ကျေနပ်​အောင် လုပ်​ပေးဖို့သာ စဥ်းစားလိုက်ပြီး ကို​မောင့်အကြိုက် လမ်း ၆၀ ရခိုင်မုန့်တီဆိုင်ကို ဦးတည်လိုက် ၏။

"ကြိုက်လား "

"အင်း ​ကောင်းတယ် အခုမှပဲ​ပေါ့သွား​တော့တယ် "

"အသုပ်​တွေ​ကော စား​​လေ
သဲရဲ့ "

"အင်း ညစာ အလွတ်စားမှာ
ဖိုးသားက​ကော "

"ရတယ် အိမ်​ရောက်မှ "

ပြည့်ဖြိုး​မောင်လည်း သူ့​ကောင်​လေးကို ​ငေးကြည့်လိုက်၏။ ဖိုးသား​​လေးကမစား​ပေမယ့် သူ့အ ကြိုက် ​တွေကို လိုက်​ကျွေးရုံသာမက ​ဘေးက​နေ သ​ဘောတကျ ကြည့်​နေပါ​သေးသည်။ တခါတခါ ဖိုးသားကို အရမ်း အားနာမိ၏။ အရာရာ သူ့အကြိုက်​တွေ လိုက်လုပ်​ပေးလွန်းလို့ပါ ။ သူ့ကိုသာ ပထမ ​နေရာမှာ ဦးစား​ပေး ၊ သူ့မျက်နှာသာ တကမ္ဘာ။ အခုလည်း သူစိတ်ညစ်​နေမှန်းသိလို့သူကြိုက်တာလိုက်​ကျွေး​နေတာ ။

"တစ်ခုခု ဝယ်​ကျွေးမယ်
ဘာစားချင်လည်း "

"ရတယ် သဲရယ်
​ယောကျာ်း အိမ်​ရောက်မှ ဖြစ်သလို စားလိုက်မယ် "

"မရပါဘူး"

ပြည့်ဖြိုး​မောင်လည်း ဖိုးသား အကြိုက် ထမင်း​ကြော်ဆိုင်ကို ​မောင်းခိုင်းလိုက်ပြီး ထမင်း​ကြော် ၊ဝက်​ခေါင်းသုပ်၊ ဝက်သားပြား​ကြော် တို့ကို ပါဆယ် ဆွဲလာခဲ့လိုက်သည်။ သူစိတ်ညစ်​နေတာမို့ ထမင်း​တောင်မစားတော့မယ့် သူ့​ကောင်​လေး ပါ ။ တကယ်​တော့ သူက ဒီ​နေ့ဖေ​ဖေ အ​ကြောင်း ကြားပြီး အ​တော်စိတ်​လေ ​နေတာ ။ ​​ဖေ​ဖေက ​​ရောဂါ ​တော်​တော်ဆိုး​နေတာတဲ့ ​တေဇာက ဖုန်းဆက်ပြီးအ​ကြောင်းကြား၏။ သူအရင်လုပ်ခဲ့တဲ့ ​ဆေးရုံမှာ တက်လိုက်၊ ဆင်းလိုက် ကြာ​နေပြီ ​ပြောတာပဲ ။အဲ့​ဆေးရုံကသူ့သူငယ်ချင်းဆရာဝန်ကို​မေးကြည့်​တော့ နှလုံး ​​ရောဂါ မို့ အ​ခြေအ​နေ က​တော့ အ​ကောင်းကြီး မဟုတ်ဖူးလို့ ​ပြောလိုက်တာ​ကြောင့် စိတ်မ​ကောင်းဖြစ်​နေ၏။ သူ့အ​ပေါ် မ​ကောင်းဘူးဆို​ပေမယ့် အ​ဖေက အ​ဖေပဲ​လေ ။ ​မေ​​မေတုန်းကလည်း ​ကြောက်လို့​ပြေးရင်း ဆုံးတာ​တောင်မသိခဲ့ရတဲ့အဖြစ် ။ တစ်ဦးတည်း သားတစ်​ယောက်အ​နေနဲ့ အ​ဖေ​ကော အ​မေ​ကောရဲ့ ချစ်ခြင်းကို တခါမှမခံစားရပါ ။

Always by your side (Completed)حيث تعيش القصص. اكتشف الآن