Part 27 (Uni+Zawgyi)

1.5K 59 28
                                    

Uni

📩သဲ​ရေ
​ယောကျာ်း​ရောက်ပြီ
ချစ်တယ်ဗျ

📩ပိုချစ်တယ် ​ယောကျာ်း

📩ဟုတ် .... ည ​ရောက်ရင် ဖုန်း​ခေါ်မယ်

ဖိုးသား ခရီး ထွက်သွားတာ ဒီ​နေ့ ​နေ့လည် ၃နာရီ​လောက်မှသွားတာပါ ။ သူ့မှာ လွမ်းတာ မ​နေတတ်​အောင်ပါ ။ ဖိုးသားမရှိဘဲ တပတ်လုံး ဘယ် လို ​နေရမလဲမသိ ။အခု message ​​လေး​ရောက် လာတာမို့ သူမှာ အလွမ်း​ပြေသွား​အောင် ထပ်ခါ ထပ်ခါ ဖတ်​နေမိ၏။ ဖိုးသားမရှိတဲ့ ​နေ့မှ duty ကလည်း ည​နေ ၅နာရီဆို ပြီးပြီတဲ့ ။ အခု​တော့ OPD ကြည့်ပြီး ည​နေက NA (လူနာ အသစ်) ​ရောက်လို့ ward round ပြီး FA ​တွေ ကို မှာစရာရှိတာများ မှာပြီး ​အလုပ်ဆင်း​တော့မှာဖြစ် သည် ။

​"ဒေါက်​~~~ဒေါက်"

"လာ ဇွန်သူ "

"ငါနဲ့ date ရ​အောင် ကိုဖြိုး "

​​"ကောင်းသားပဲ
ငါလည်းဖိုးသားမရှိလို့
ပျင်း​နေတာ "

ဇွန်သူ တကယ့်ကိုရယ် ချင်သွား၏။ သူလင်​လေးက ဇွန်သူ့ကို ဖုန်းဆက်ပြီး သူ့ကို​မောင်ကို အ​ဖော်ပြု​ပေးဖို့ မှာခဲ့တာလို့ ​ပြောရင် မ​ကောင်းရှိ​တော့မည်။ တကယ်လည်း လိုက်တဲ့ လင်လင်​တွေ ။ ​မောင်သူရဆိုတာကလည်းလင်မျက်နှာ တကမ္ဘာပါ ။ ငဖြိုးက​ကော ဘာထူးလည်း လင်သွားတာ တစ်ညမအိပ်ရ​​သေးဘူးလူကဂျုံးဂျုံးကျ​နေပြီ​လေ ။

"နင့်ကားနဲ့ လိုက်မယ်
ငါ ကားမပါဘူး "

​"အေး သွားမယ်​လေ
ဘယ်သွားမလဲကိုဖြိုး "

"ဘယ်ဖြစ်ဖြစ်ဟာ ငါ့ က​လေးကို လွမ်း​နေလို့ "

​"အေးပါဟယ် ပို ချက်
ငါလို အပျိုကြီး အတွက်လဲကြည့်ကြပါအုန်း "

"အပျိုကြီးပဲလုပ်သယ်ရင်း
အရမ်း ပူ​လောင်ရတယ် "

"အမ​လေး ငါလည်း ပူချင်တာ ​ပေါ့ဟ "

ပြည့်ဖြိုး​မောင် လည်း ဇွန်သူနဲ့ ကျုံး​ဘေးက နို့ဟင်းမလှိုင် သွားစားလိုက်၏။ ​ဘေးမှာ ဖိုးသားမရှိ​တော့ နို့ဟင်းမလှိုင်​တောင် မချို​တော့သလိုပါ ။သူလည်း အရမ်း​တွေ လွမ်း​နေတာမို့ ကျုံး​ဘေး ​နေဝင်ချိန်ကို ဓါတ်ပုံ ရိုက်ကာ ဖိုးသားဆီပို့လိုက် ၏။

Always by your side (Completed)Where stories live. Discover now