Part 11 (Uni+Zawgyi)

1.4K 59 12
                                    

Uni

"ဟောင့် ဘယ်လဲ (မြတ်​ကျော်)"

​"ဆေးရုံထဲ (သူရ)"

"ဘာလုပ်တုန်း (​အောင်​အောင်)"

"ကို​မောင် အတွက် ​နေ့လည်စာ သွားပို့မလို့ "

စာ​မေးပွဲ​ဖြေ​နေတဲ့ကို​မောင့်အတွက်ဒဏ္ဍာရီထမ င်း​ဆိုင်ကဝယ်ပြီး ​နေ့လည်စာ သွားပို့လိုက်၏။ ၂ပတ်နီးပါး test ​ဖြေ​နေရတဲ့ကို​မောင့်အတွက် လိုအပ်တာ မရှိ​အောင် လုပ်​ပေး​နေရသည်။  ကို​မောင်လည်းအရိုးသာ ကျန်​တော့တာမို့ ထမင်း စားဖို့ကိုလျှော့​ကျွေး​နေရတာပါ။ exam stress သိပ်များတဲ့ ကို​မောင်က စာကလွဲပြီး အခြားဟာ​တွေ မလုပ်နိုင်​အောင်ကို ဖြစ်​နေ၏။ ဒီ​​နေ့​တော့ စာ​မေးပွဲ ​နောက်ဆုံးရက်မို့ ​ကိုမောင်လည်း ​ပျော်​နေပါပြီ။

"သူရ "(နန်း)

​"အေး​ပြော "(သူရ)

"ငါ့ကို anatomy (ခန္ဓာ ​ဗေဒ)စာအုပ်ငှားအုန်း
နင့်မှာ မူရင်းရှိတယ်ဆို "(နန်း)

"ကို​မောင်စာအုပ် ဟငှားလို့မရဘူး "(သူရ)

Queen က anatomy စာအုပ်လာ​ငှား​နေ၏။ အတင်း​တွေ ဇွတ်​တွေ ​ပြော​နေတာမို့ ကို​မောင့်နာမည်သုံးပြီးငြင်းလိုက် ၏။ တကယ်လည်း ကို​မောင်စာအုပ်ပါ ။ဒါ​ပေမယ့် သူ့ကို လက်​ဆောင် ​ပေးထားတာမို့ သူ​အရမ်းတန်ဖိုးထားရတဲ့ စာအုပ်​လေးပါ ။ ကို​မောင် 2nd MB မှာ သူ့​ဖေ​ဖေနဲ့ ​မေ​မေ က လက်​​ဆောင် လှမ်းပို့လိုက်တာမို့ ကို​မောင့်မှာ နှစ်အုပ် ဖြစ်​နေ၏။  ဒီနှစ် သူ 2nd MB စတက်ချိန်မှာ ကို​မောင်က သူ့လက်မှတ်ထိုးပြီး ​ပေးထားတာပါ ။ သူအရမ်းတန်ဖိုးထား​သော ​လေးပါ။

"မင်းကလည်း ငှားလိုက်စမ်းပါ"(​အောင်​အောင်)

"မင်းငှား​ပေါ့ "(သူရ)

"ငါမှာ​​တောင်မရှိလို့ မင်းဆီက copy ကူး​နေရတာ​လေ လဒရဲ့"(​အောင်​အောင်)

"မင်းက queen ကိုကြိုက်​​နေတာလား
င​အောင်"(သူရ)

"ကြိုက်တာ​​ပေါ့ကွ
Queen မကြိုက်တာ မင်းတစ်​ယောက်ပဲရှိတယ် "( ​အောင်​အောင်)

"ဒီ​ကောင်က queen မကြိုက်ဘူး
သူ့ကို​မောင်မှ ကို​မောင်ပဲ "(စိုင်း)

Always by your side (Completed)Where stories live. Discover now