Part 24 (Uni+Zawgyi)

1.4K 64 16
                                    

Uni

"မောင်သူရ!!! ကို​မောင့် ကား ဘယ်​တော့ ပြန်ရမှာလဲ "

"၁ပတ်​လောက်ကြာမှာ "

"ဟင်းးးး"

သူရ လူလည်ကျထားတာဖြစ်၏။ ကို​မောင်နဲ့အတူ ပြင်ဦးလွင်က ပြန်လာထဲက ကားက ရ​နေပါပြီ။  သူ့ကား​ပေါ် ကို​မောင် လိုက်စီး​နေတာကို သ​ဘောကျလွန်းလို့ ကားလာမပို့ခိုင်းတာပါ ။ ကို​မောင် က သူ့ကိုအားကိုးတာကို သ​ဘောကျလွန်း ပြီး သာယာ ​နေမိ​နေ၏။

"သွားမယ်​လေ
မနက်စာ အပြင်​ရောက်မှ စားမယ်"

"ဖိုးသားကို အားနာလို့ပါ
အလုပ်မအားတဲ့ကြားရက ကို​မောင့်ကို လိုက်ပို့​ပေး​နေတာမို့ "

ပြည့်ဖြိုး​မောင် တကယ်အားနာ​နေတာပါ ။ ဖိုးသားက အလုပ်အများဆုံးဆရာဝန်ပါ ။ သူက OT မဝင်ရတာမို့ ပင်ပန်းတာ မရှိ​ပေမယ့် ဖိုးသားက တခါတ​လေ ည ၁၀ ​လောက်မှ OT ပြီးတဲ့ အခါ​တွေလည်း ရှိတတ်ပါ၏။ အခု​တော့ သူ​ပြောလိုက်တဲ့ စကား​ကြောင့် မျက်​မှောင် ကုတ်ပြီး ဘာစကားမှ မ​ပြောဘဲ  ​ဆေးရုံ​ရောက်လာ​တော့သည်။

​"နောက် နာရီဝတ်​နေရင် ကား​သော့ ပို့ခိုင်းမယ် ​ဒေါက်တာ ပြည့်ဖြိုး​မောင်
ခင်များကားရပြီ "

"Breakfast စားမယ်​လေ "

"ရတယ် မစား​တော့ ဘူး "

ဖိုးသား​လေး သူရရဲ့လှပတဲ့တနင်္လာ နံနက်ခင်း​လေးက ​ဒေါသထွက်စရာ ကြုံ​နေရ​တော့သည်။ ကို​မောင်က သူ့ကို အားနာတယ်ဆိုတာကြီးကို မကြိုက်တာမို့ workshop ကို ကားလာပို့ခိုင်းဖို့​ပြောလိုက်၏။ ဒီလို​လေး နှစ်​ယောက်အတူတူ ​ဆေးရုံလာရတာ ​ကျောင်းတုန်းက ဘဝလို ဖြစ်​နေတာမို့ သူအရမ်းကြိုက်တာပါ ။ အခု​တော့ ကို​မောင့် စကား​ကြောင့် မနက်စာ​တောင် စားချင်စိတ်မရှိ ။

"Morning ဆရာ
ဒီ​နေ့ word round
နဲ့ OPD ပဲ ဆရာ "

"မိုက်တယ်
OT မရှိဘူး​ပေါ့ "

"ဟုတ် ဆရာ့ကို နားခိုင်းတာ "

​"တော်လိုက်တဲ့ ​ကောင်
ဒါက ဘာလဲ "

"မသိဘူး ဆရာဖြိုးလာပို့တာ "

သူရအတွက် breakfast ကို ကို​မောင်ကိုယ်တိုင် လာပို့သွားတယ်တဲ့ ။ သူရ တချက်ပြုံးလိုက်ပြီးအသားလုံး​ခေါက်ဆွဲနဲ့ပေါ့ဆိမ့်တခွက်သောက် ကာ အလုပ်ထဲ ဝင်လိုက်၏။

Always by your side (Completed)Where stories live. Discover now