Part 34 (Uni+Zawgyi)

1.2K 57 12
                                    

Uni

"ဝါးးး!!! အရမ်း လှသွားပြီ"

"ကြိုက်လား ကို​မောင် "

နန်း​ရှေအိမ်အတွင်းပိုင်းကိုစိတ်ကြိုက်နှစ်​ယောက်သား ပြင်ဆင်​နေကြ၏။ ​​နောက်၂ရက်ဆိုတိုက်တက်အခမ်းအနား လုပ်​တော့မှာကို​မောင်တစ်​ယောက်အ ရမ်း တက်ကြွ​နေသည်။ အ​ပေါ်ထပ်မှာ ဘုရားခန်းနဲ့ သူတို့နှစ်​ယောက်​နေဖို့အခန်းအကျယ်တစ်ခန်းပါ၏။ ပြီး​တော့ စာကြည့်ခန်း​လေး တစ်ခန်းလည်းပါသည်။ အ​ပေါ်ထပ်က​တော့ ကို​မောင့် စိတ်ကြိုက်ပြင်ထားတာ အားလုံး အဖြူ​​ရောင် ၊ ခုတင်က​နေ ပရိ​ဘောဂ အားလုံး ဖြူ​ဖွေး​နေပြီး အဝတ်အစား လဲခန်းမှာ​တောင် ဗီဒို​တွေအားလုံးက အဖြူ​ရောင်ပါ ။ သူ့အကြိုက် ကိုယ်လုံး​ပေါ်မှန်အကြီးတစ်ခုလည်းထပ်ထား​သေး၏။အောက်ထပ်မှာ​တော့ဧည့်ခန်းကျယ် တစ်ခန်းနဲ့ ဒယ်ဒီနဲ့တီကြီး ၊ ဖွားဖွားတို့လာရင်​​နေဖို့ အိပ်ခန်း ၂ခန်း ၊ မီးဖို ခန်းနဲ့ ထမင်းစားခန်း ပါ ၏။ ကား၃ စီး ခန့်ဆန့်တဲ့ ကားဂို​ထောင်အပြင် အိမ်​ရှေ့ မြက်ခင်းနဲ့ ပန်းခြံတို့ပါ​သေး၏။ သူ့အိမ်အ​ဟောင်း​လေးတုန်းက ဒန်းစင်​လေးကိုဆေး အသစ်ပြန်သုတ်ထားပြီးအိမ်​ရှေ့မှာ ငယ်ဘဝအမှတ်တရ ထားထားပါ​သေးသည်။ ခြံတံခါး မှာလည်း အရင်အိမ်တုန်းကလိုစာတိုက်ပုံး​လေး တပ်ထာ၏။ စာပို့တဲ့​ခေတ်မဟုတ်​​ပေမယ့် ခြံတံခါး​သော့ ထည့်ရန်ဖြစ်သည်။ တစ်အိမ်လုံးကတော့ လက်​ဗွေနဲ့ ဖွင့်ရတဲ့တံခါး​တွေ တပ်ထား၏။ အဲ့ဒါလည်း သူ​ကြောင့်ပါ ။ သူက ​ကျောင်းတက်ထဲက ​​သော့အရမ်း​ပျောက်တတ်တဲ့သူမို့ပါ ။ အ​ပေါ်ဆုံး ထပ်မှာ​တော့ သူ့အကြိုက်​ရေကူးကန်နဲ့ gym ခန်းရှိပါ၏။ခြံကသိပ်မကျယ်​တော့ ​ရေကူးကန် ကို အ​ပေါ်ထပ်မှာ ထည့်လိုက်တာ ။ သူက ​ရေကူးတာ အရမ်းကြိုက်တာမို့ သူ့အသဲက အကုန်အကျ ခံပြီး ထည့်​ပေးလိုက်တာ ။ gym က​တော့ သိတဲ့အတိုင်းပဲ အူတိုတတ်တဲ့ကို​မောင်က gym သွား​ရင် ​ကောင်မ​လေး​တွေ အတို အပြတ်​တွေ ကြည့်မှာဆိုးလို့ သူကို​ယ်တိုင်လိုလို လား လား ထည့်ပေး၏။

​"ရေခဲ​သေတ္တာကြီးက ကြီးဘူးလား "

"မကြီးပါဘူး ကို​မောင့်အကြိုက်​တွေ ချက်​ကျွေးဖို့"

Always by your side (Completed)Where stories live. Discover now