Part 10 (Uni+Zawgyi)

1.6K 66 24
                                    

Uni

"ကို​မောင် !!!အဆင်​ပြေလား "

"အင်း နည်းနည်းမူးလို့ "

သူရနဲ့ကို​မောင်ပိတ်ရက်ကို မုံရွာက ကို​မောင့် ဖိုးဖိုးနဲ့ ဖွားဖွားကို လာကန်​တော့တာပါ ။ မန်း​လေးမုံရွာ ကားက ဒိုင်နာ ကား​လေးဖြစ်ပြီးလူ​တွေ​ကော ၊ပစ္စည်း​တွေ​ကောအပြည့် ပါ ။ ကို​မောင်က​တော့ မန်း​လေးကစထွက်ထဲကမူး​နေတာ အခု စစ်ကိုင်း​ရောက်​တော့ သူ့​ပုခုံး​ပေါ် ​ခေါင်း​ရောက်လာပြီး မျက်စိကိုမဖွင့်နိုင်ပါ ။ လူမမာ လုံးလုံးကို ဖြစ်သွားရ​တော့ သည်။

"သူရ!! ရလား"

"ရတယ် ကို​မောင် ကျ​နော့ကိုမှီပြီးအိပ်လိုက်အဆင်​ပြေသွားလိမ့်မယ် "

ပြည့်ဖြိုး​မောင် တစ်ကိုယ်လုံးသူရ ​ပေါ် ​ရောက်​နေတာမို့အားနာ​နေရ၏။ သူရ က သူ့အတွက် ကားနား​တော့ရှူ​ဆေးဗူး​လေးဝယ်​ပေးတာမို့ အဲ့ဒါ​လေးရှူပြီး သူရကို မှီကာ လိုက်လာခဲ့ရသည်။ ကားက ဓါတ်ဆီနံ့ရယ်၊ လူ​တွေအနံ့ရယ်၊ ပစ္စည်း​တွေ အနံ့ရယ် က​တော့ အ​တော်စိုးပါ၏။ ဖွားဖွားကားနဲ့သာ သွား​နေကြမို့ ပြည့်ဖြိုး​မောင် ဒဏ်မခံနိုင်ပါ ။

"ရလား ကို​မောင်
​ရောက်​တော့မှာ မြို့အဝင်​ရောက်​နေပြီ "

"အင်း"

"မူး​နေ​သေးလား "

"အင်း "

သူရတစ်လမ်းလုံးကို​မောင့်ကိုပွေ့ထားရပြီးသနား​ နေ၏။ မူးပြီး အန်တာလည်း ၂ခါရှိပါပြီ။ မုံရွာ​ရောက်ရင်​တော့အရင်ဆုံးကို​မောင့်ကို တစ်ခုခု ​ကျွေးမှရမည်။ လူက ​ဖြူ​သေး​သေး​လေးပါဆို ​ပျော့​ခွေ​နေတာက ကြည့်မ​ကောင်းပါ ။

"ကို​မောင်!!
ထ ရောက်ပြီ"

"အမ် "

"လာ ဒီနားက လ္ဘက်ရည်ဆိုင်မှာ တစ်ခုခု စားလိုက်အုန်း"

"မစားချင်ဘူး"

"မစားလို့မရဘူး
ဗိုက်ထဲမှာ ဘာမှမရှိ​တော့ဘူး​လေ ကို​မောင်ရဲ့ "

သူရ တစ်​ယောက် ကို​မောင့်ကို ​ခေါ်ကာ ကားဂိတ် အထွက်က လ္ဘက်ရည်ဆိုင်မှာ ထမင်းဆီဆမ်းနဲ့ ကြက်ဥ​ကြော် မှာ​ကျွေးရ၏။ ဒီ​လောက် အန်​နေတာကို လ္ဘက်သုပ်စားချင်လို့ဂျီကျ​နေတာက​တော့ ကို​မောင်ပါ တစ်ကယ့်ကို က​လေး တစ်​ယောက်ကိုကျွေးရသလိုချော့လိုက်၊ငေါက်​လိုက်နဲ့ ထမင်း တစ်ပန်းကန်ကုန်သွားလို့​တော်​သေးသည်။ထမင်း စားပြီး ​​ဆိုက်ကား ငှားကာ ကို​မောင်​ပြောတဲ့လိပ်စာ အတိုင်း နှစ်​ယောက်သား ချီတက်သွားလိုက်သည်။ ထမင်းဝင်သွားပြီး ကား​ပေါ်က ဆင်းလာထဲက ကို​​မောင်က လန်းသွားလို့​တော်​​သေး၏။ အပြန်ကျရင်​တော့ ကား​ခေါင်းထဲကပဲစီးဖို့ဆုံးဖြတ်ထားပါသည်။ ​နေ့ချင်း ပြန်ခရီးမို့ ကို​မောင် ပင်ပန်း​နေမှာလည်းဆိုးတာပါ ။ သူက​တော့ ကိစ္စမရှိပါ ။

Always by your side (Completed)Where stories live. Discover now