Part 40 (Uni+Zawgyi)

1.2K 60 22
                                    

Uni

📩လွမ်းတယ် ကို​မောင်
ဒီ​နေ့ မန်း​လေးမှာ မိုးရွာ​နေတယ်

ကို​မောင် US သွားထဲက နန်း​ရှေ့အိမ်မှာ ​ပြောင်း​နေဖြစ်ပါသည်။ ဘဘ လည်းရှိတာမို့ အ​ဖော်လည်း ရပါ၏။ ဘဘက စည်းကမ်းသိပ်ရှိတဲ့သူမို့ အစစအရာရာ စိတ် ချရသည်။ ဒီ​​နေ့ဆို ကို​မောင်သွားတာ ၅လပြည့်ပြီး ၆လထဲ​ရောက်လာပါပြီ။နွေရာသီက​​​နေမိုးရာသီတောင်​ရောက် လာခဲ့ပါပြီ။ လုံးဝ မိုးမရွာတဲ့ မန်း​လေးက မိုး​တောင် သည်းကြီးမည်းကြီး ရွာ​​နေတာမို့ လွမ်းတဲ့ စိတ်က ပိုဆိုး​နေ​တော့ သည်။time gap ရှိ​နေတာ​ကြောင့် ကို​မောင်နဲ့ စကား​ပြောဖို့ အ​တော်ခက်ခဲပါသည်။သူအလုပ်ကဆင်းလာပြီးရေချိုးအဝတ် အစားလဲကာ ကို​မောင် အိပ်ယာက ထမယ့်အချိန်ကို ​စောင့်​နေမိ၏။ သူနာရီကြည့်လိုက်​တော့ ည​နေ ၇နာရီ ၂၀မိနစ်ပါ။  ဒီအချိန်ဆို ကို​မောင်​နေတဲ့ Boston မှာ မနက် ၇နာရီ ၅၀ ပါ ။ ကို​မောင့်ကို အိပ်ယာ နိုးမှ ရ​တော့မည်။ အလုပ်​နောက်ကျမှာ စိုးတာမို့ပါ ။

📲တူတူတူ

📲တူတူတူ

📲အင်း ထပြီ ​ယောကျာ်း

📲ဘာလို့လည်း ​နေမ​ကောင်းဘူးလား

​📲ကောင်းတယ် အရမ်း​အေးလို့ အလုပ်မသွားချင်ဘူး

📲5ting သဲရယ်
ထ မျက်နှာသစ် ၊ ​ရေမချိုးနဲ့​တော့ ဘုရားရှင်ခိုးပြီး အလုပ်သွား​တော့

သူ့​ကောင်​လေးနိုးလို့သာနိူးတာပါ။အပြင်မှာ နှင်း​တွေကျ​နေတာမို့ အပြင်မထွက်ချင်ပါ ။ အခန်းထဲမှာ heater နဲ့ဆို​တော့နေလို့​ကောင်းပါ​သေးသည်။အလုပ်ကစက်ဘီးနဲ့သွားတာမို့ ၁၅ မိနစ်သာကြာ ပါသည်။ရေချိုးခန်းဝင်ပြီး​ရေချိုးချင်စိတ်​ပေါက်တာနဲ့ ​ရေ​​​နွေးနဲ့ ​​ရေပါချိုးလိုက်၏။ မချိုးလို့လည်း မရ တ​နေကုန် အလုပ်ထဲမှာ ​နေရမည် ။ ည​နေ ၅နာရီမှအလုပ်ဆင်းမှာမို့သူလည်း အ​တော်​လေးကိုကြိုးစားပမ်းစားရေချိုးရသည်။ မန်း​​လေးသား​တွေက ဘယ်​လောက် အ​အေး​ကြောက်လည်း သိတယ်ဟုတ် ။

​📲အေးလိုက်တာကွာ

📲အာာ ​ရေချိုးလိုက်တာလား

Always by your side (Completed)Where stories live. Discover now