Part 8 (Uni+Zawgyi)

1.5K 69 30
                                    

Uni

"""ကို​မောင် ​ဆေးရုံစဆင်းရမှာမို့
သွားနှင့်ပြီ
မုန့်ဖိုးထားခဲ့တယ် """"

သူရနဲ့ တနင်္လာမနက်ခင်းကြီးက အထီး ကျန်စွာ ကြိုဆို​နေ​တော့၏။ ကို​မောင်က ​ဆေးရုံစသွားရပြီ​လေ ။ ​ဆေးရုံသွားရတဲ့အချိန်ဆို မနက် ၈နာရီ ဆရာဝန်ကြီး​တွေ round တာအမှီ သွားရတာပါ ။ အ​စောကြီးထပြီး ထမင်း​ကြော်နဲ့ကြက်ဥ​ကြော်ထား​ပေးပြီး ပဲပြုတ် သုပ်လေး နဲ့ပိုက်ဆံ ၁၅၀၀ ကိုလ္ဘက်ရည်ခွက်​လေးနဲ့ဖိထား​ပေးခဲ့၏။ မနက်ခင်း​လေး မ​တွေ့ရတာ​တောင် ကို​​မောင့်ကို လွမ်းတဲ့စိတ်က မ​နေတတ်​အောင်ပါ ။ သူရလည်း ​ရေချိုးကာ ကို​မောင်​ကြော်​ပေးတဲဲ့ ထမင်း​ကြော်စားပြီး ​ကျောင်းသွားဖို့ ပြင်လိုက်၏။

​​"ဟောင့်
မျက်နှာက ဘာဖြစ်​နေတာလဲ "(​အောင်​အောင်)

"ည​နေ ​ခြေစမ်းပွဲရှိတယ်​နော် သားကြီး "(မြတ်​ကျော်)

"သူရ ရည်းစားပူမိလာတာလား "(စိုင်း)

"မဟုတ်ပါဘူးကွာ
ညက အိပ်​ရေးမဝလို့ပါ "(သူရ)

"သူရ စာ​မေးချင်လို့ "(နန်း)

"ဘာစာလည်း ငါ​တောင် ဘာမှမသိဘူး "(သူရ)

နန်းတစ်​ယောက်သူရကို ဘယ်လို ချဥ်းကပ်ရမှန်း​တောင်မသိ​တော့ပါ ။ သူဘယ် လိုကြိုးစားကြိုး စားနောက်ဆုံး​တော့သူရ ရဲ့အမှန်း​တွေပဲရရှိခဲ့၏။ အခုလည်း အိမ်ပြန်လက်​ဆောင် သူရကို လာ​ပေးတာပါ။ ​တောင်ကြီး လ္ဘက်နဲ့ မုန်ညှင်းချဥ် ၊ ပဲပုတ် နဲ့တို့ဖူး​​ခြောက်တွေ ကို မရမက သူရလက်ထဲ ထည့်ခဲ့လိုက်၏။ တက္ကသိုလ် ​ကျောင်းသူ ဘဝမှာ အချစ်ဆိုတာကြီးက လွှမ်းမိုး​နေတာ​တော့မတတ်နိုင်ပါ။

​"အေး သားကြီး ​ကောင်မ​လေးက​တော့စလာပြီ "(မြတ်​ကျော်)

"ထားပါကွာ"(သူရ)

"မင်းကလည်း ဒီ​လောက်အ​ချောအလှ​လေး ကို ငါဆို ပြန်ကြိုက်ပြီ"(​အောင်​အောင်)

"မင်းမှာ မရှိရင် ပြန်ကြိုက်လိုက်ပါလား
Queen တို့က ​ဆွေကြီးမျိုးကြီး​တွေ "(စိုင်း)

"ငါ့မှာ မရှိဘူးလို့ ဘယ်သူ​ပြောလဲ "(သူရ)

​"ဟေ ​ပြောပြ ငါတို့ကို "(မြတ်​ကျော်)

Always by your side (Completed)Where stories live. Discover now