Part 35 (Uni+Zawgyi)

1.2K 53 12
                                    

Uni

"ဖိုးသား​!!!
အာာ ဒီက​လေး ဖျား​နေပြီ "

ဖိုးသား သူမရှိတုန်း ဘယ်​လောက်​တောင် ​ပေကပ်​နေတယ်မသိ အခု ဖျားပြီ​လေ ။ မ​နေ့က​တော့ သူမဟုတ်သလို တိမ်ပင်လယ် သွားကြည့်​တဲ့နေရာမှာအားကြိုးမာန်တက် ဆရာကြီးက သူ့ကိုအဝစားတာ​လေ။ဖျားခြင်းဖျားသူက ဖျားရမှာကိုမန်း​လေးအိမ်​ရောက်​တော့လည်းအကောင်း ။ အခုမှ တစ်ကိုယ်လုံး ပူကျစ်ပြီး ဖျားတာမို့ ​​ရေပတ် တိုက်​ပေးထားရ၏။

"ဖိုးသား​လေး ရလား
ထ ​ဆေး​သောက်ရ​အောင် က​လေး "

"မ​သောက်ချင်ပါဘူး "

​"သောက်ရမယ်
လာ ovaltine ​လေးနဲ့ ​ဆေး​သောက်ရမယ်​လေ
မခါး​အောင် တိုက်မှာ​ပေါ့ ကို​မောင့်က​လေး​လေးကို "

ဖျားရင်ရစ်တတ်တဲ့က​လေး တစ်​ယောက်ကို ချစ် သူ​တော်ထားရတာမို့ ​ချော့ပြီး ​ဆေးတိုက်ကာ သိပ်ထားရသည်။ အခု​တော့ ဖျား​နေတဲ့က​လေး က သူ့ရင်ခွင်ထဲမှာမို့ ​ခေါင်း​လေးပွတ်​ပေး​နေရသည်။  အကိုက်အခဲ​ပျောက်​ဆေးနဲ့ပိုးသတ်​ဆေး တိုက်ထားတာ​ကြောင့် အိပ်​နေတာ သိုးလို့ပါ ။ အခု​တော့အဖျားနည်းနည်း ကျသွားတာမို့ မျက် နှာသစ်ကာ မနက်စာ ဝယ်လာဖို့ ဇွန်သူ့ကို အကူ အညီ​တောင်းရသည်။အ​ပေါ်ထပ်မှာ ဖျား​နေတဲ့က​လေး တစ်​ယောက်ထဲထားပြီး ​အောက်ထပ် မှာ ချက်ပြုတ်​နေရင်လည်း မဖြစ်တာမို့ ပါ ။

"လာ သယ်ရင်း "

"ဘာဖြစ်တာလဲသူရက "

"ငါ ​​မရှိတုန်း အအိပ်အစားမမှန်တာ "

"ဟင်!!! နင်တို့ကလည်း ချစ်တတ်လိုက်ကြတာ "

"ငါတို့နှစ်​ယောက် ကို MS ဆီ ခွင့်သွားတိုင်​​ပေး "

သူရ​လေးအတွက် ဖက်ထုတ်ပြုတ်​လေး​နွှေးကာ ယူလာလိုက်၏။ သူ့အတွက်က ​အောက်ထပ်မှာ ထမင်း​ကြော်နဲ့ ကြက် သားလုံး​ကြော်စားထားပါပြီ။ လူနာ ​စောင့်ရင်းစားဖို့ လ္ဘက်သုပ် နဲ့ ​ရေ​နွေးကြမ်း ယူလာကာအ​ပေါ်ထပ်တက်လာပါ​တော့ သည်။

"ဟင် !!!
ဖိုးသားနိုးပြီ
ပြွတ်စ် !! သက်သာလား က​လေး "

"ဟုတ် ​!ချွေး​တွေ "

Always by your side (Completed)Where stories live. Discover now