Part 6 (Uni+Zawgyi)

1.8K 84 16
                                    

Uni

ဒီ​နေ့ သူရတို့ ​ကျောင်းစဖွင့်တဲ့​နေ့​ပေါ့ ။ မနက်အ​စော ထပြီးတက်ကြွ​နေတာ သူရပါ ။ မနက်စာ ကို ဟိုဘက်လမ်းကသွားကာမုန့်တီသုပ် တစ်​ယောက်တစ်ပွဲနဲ့ လ္ဘက်ရည်ပါ ဝယ်ပြီး ​စားသောက်ထားတာပါ ။ ကို​မောင့် အကြိုက် မတ်ပဲ​ကြော်လည်းပါပါ၏။ သူက အားလုံး ပြင်ဆင်ပြီး​ပေမယ့် အခုအထိမပြီး​သေးတာ​တော့ကို​မောင်ပါ ။

"ကို​မောင်!!!
သွားမယ်​လေ "

"သွားနှင်​လေ ကို​မောင်က စက်ဘီးနဲ့ သွားမှာ "

"ဗျာ"

သူရဒေါသ ထွက်သွား​တော့၏။ သူ့အိမ် မက်ထဲမှာ​တောင် ကို​မောင်နဲ့နှစ်​ယောက်သား ဆိုင်ကယ်​လေးစီးကာ ​ကျောင်း တက် ​နေတာကိုပါ ။ သူ့စိတ်ကူးကိုရိုက်ချိုးလိုက်တာက​တော့ ကို​မောင်ပါ။ ဘာမှန်းမသိ​အောင် ​ဒေါသ အကြီးအ ကျယ် ထွက်ရပါ​၏။ ​ပြောလိုက်ရင်လည်း ငါက စက်ဘီးနဲ့ပဲသွားချင်တယ် ဆိုတဲ့တစိမ်းဆန်တဲ့စကားကြားရအုန်းမှာပါ ။

"ဒါဆိုလည်းပြီး​ရော
နှစ်​ယောက်ထဲရှိတာကို ခွဲခြားခွဲခြား နဲ့
ကို​မောင်!!! ခင်များ ကျ​နော့​ပေါ်အမြဲတမ်းတစိမ်းဆန်တယ်"

"သူရ ဘာ​ပြောတာလည်း "

​"ဘာမှမ​ပြောဘူး "

သူရ​ဒေါသထွက်လွန်းလို့ပါးစပ်ကတတွက်တွက်​ပြောကာ ​ကျောင်းသို့ချီတက်သွား၏။တခါတ​လေ ကို​မောင့်သ​ဘောထားကို နားမလည်နိုင်ပါ ။ ဘာ​တွေ စဥ်းစားပြီး ဘာ​တွေ လုပ်​နေမှန်းမသိတဲ့ကို​မောင်က​တော့ သူ့စိတ်နဲ့မ​တွေ့ပါ ။

​"ဟေ့ သူရ !!!"(မြတ်​ကျော်)

"မင်း​ပျောက်​​နေတယ်​နော် "(​အောင်​အောင်)

"ကို​ဖြိုးက ဘယ်မှမသွားရဘူးတဲ့လား "(စိုင်း)

"စာ​တွေ သင်​နေတာ​​ပေါ့
​အေး​ဆေး​ပေါ့ကွာ တနှစ်ခွဲကြီး​​တောင်အမှန်းတက်ရမှာ "(မြတ်​ကျော်)

မြတ်​ကျော်​ပြောသလိုပါပဲ။ဆေး​ကျောင်းမှာ 2nd MB နဲ့ part 2 က တစ်နှစ်ခွဲတက်ရတာပါ ။ သူ​ကော ၊ကိုယ်​ကော ဒီနှစ် တစ်နှစ်ခွဲတက်ပြီးမှ အတန်း​အောင်မှာပါ။ကို​​မောင်တို့က part 2 ဆို​တော့ဆေးရုံမှာအများဆုံးသင်မှာဖြစ်ပြီး ​ကျောင်း ကိုတပတ်မှ ၁ရက်၂ရက်သာ လာရမှာပါ ။

Always by your side (Completed)Where stories live. Discover now