Part 13 (Uni+Zawgyi)

1.3K 55 20
                                    

Uni

"ဟိတ်!!! သူရ "

​"အေး ပိုးသားဖြူ "

"နင်​ရောက်​နေတယ်ဆိုလို့ လာလည်တာ"

သူရနဲ့ကို​မောင် မ​​နေ့က ရန်ကုန် ​ရောက် လာကြတာပါ။ ကို​မောင့်ကို ရန်ကုန်​ရောက်တုန်း အလည် လိုက်ပို့ဖို့အစီအစဥ်ဆွဲ​နေတုန်းပိုးသားဖြူ​ရောက် လာခဲ့သည်။ တီကြီးနဲ့ ကို​မောင်​ရယ်သူရယ်ကသုံး​ယောက်သား မနက်စာ စား​နေကြတာပါ။ ရာသီဥတုက ရုတ်တရက် ချက်ချင်း ​ပြောင်းသွား​တော့​၏။ ကို​မောင်က စကားတစ်လုံးမှ မ​ပြော​တော့ပါ ။

"ကို​မောင် !!သူက ပိုးသားဖြူ တဲ့
​ဆေး ၁ က ကျ​နော်နဲ့အတန်းတူတယ်
ပိုးသား!! ဒါ ငါ့ guardian ကို​ပြည့်ဖြိုးမောင်တဲ့ part 2 ပြီးတာ " (သူရ)

​"တွေ့ရတာ ဝမ်းသာပါတယ် အကို " (ပိုးသား)

"ဟုတ်ကဲ့ " (ကို​မောင်)

"ကို​မောင် ထည့်စား​လေ မကြိုက်ဘူးလား" (သူရ)

​"အေး မကြိုက်ဘူး " (ကို​မောင်)

ပြည့်ဖြိုး​မောင် ​ပြောလိုက်တဲ့ မကြိုက်ဘူး ဆိုတဲ့စကားက ထမင်းဆီဆမ်း မဟုတ်ပါဘူး ။ အဲ့လို ​ကောင်မ​လေးနဲ့ တွဲ​နေတာကို မကြိုက်တာပါ ။ သူရကို ကြည့်ကာ တစ်ကယ်ကို ​ကောင်မ​လေးနဲ့ လိုက်ဖက်တာ အသက်​ကော၊ ရုပ်ရည်​ကော အားလုံး ​နေနဲ့ လပါပဲ။

​"သားကိုဖြိုး!! ည​နေ တီကြီး​ဆေးခန်း လိုက်ခဲ့ "

"ဟုတ်တီကြီး"

"စာသင်ပေးမလို့ သားက medicine (​ဆေးပညာ)​ဖြေမှာ​​နော် "

"ဟုတ်"

"အဲ့ဒါဆို အခုထဲက စာဖတ်ရ​တော့မှာ "

"ဟုတ်တီကြီး"

"တီကြီးကလည်း ကို​မောင်နားပါ​စေအုန်း"

"နားလို့မရဘူး ဖိုးသားရဲ့
အခုထဲ​ကသေချာ လုပ်ထားမှ "

"အကိုက အရမ်း​တော်တယ်လို့ အန်တီလင်းက ​ပြောတယ်"

​"မောင်သူရကိုမမှီပါဘူး"

"အာာ ကို​မောင်ကလည်း"

​ဒေါ်လင်းလင်းမြတ် သားနှစ်​ယောက်ကို ကြည့်ကာ သ​ဘောကျမိ၏။ မတည့်တာက သူတို့နှစ်​ယောက်အပြင်မရှိ ။ အခုလည်းဘာ​တွေ စိတ်ဆိုး​နေကြသည်မသိ တစ်​ယောက်နဲ့တစ်​ယောက် ​စောင်းချိတ်​နေပြန်၏။ သားကိုဖြိုးက ​​တော့ physician တစ်​ယောက် ဖြစ်ချင်တာလို့ သူ့ကို ​ပြောပြတာမို့ ​မြေ​တောင်​မြှောက်​ပေးရမှာ သူ့တာဝန်ပါ ။ က​လေး​တွေကိုတွဲ​ခေါ်မှ လူကြီးပီသမှာပါ ။ ထူးချွန်တဲ့က​လေး မို့လည်း သူသိထားတတ်ထားသမျှကို မျှ​ဝေ​ပေးဖို့အဆင်သင့်ပါ ။

Always by your side (Completed)Where stories live. Discover now