Part 39 (Uni+Zawgyi)

1.2K 74 25
                                    

Uni

"ပြွတ်စ် !!!ထ​တော့​လေ သဲ "

"ခဏ​လေး "

"Morning kiss ​ပေးအုန်း"

"ပြွတ်စ် !!!"

ရင်ခွင်ထဲမှာ အိပ်​ပျော်​နေတဲ့ သူ့​ကောင်​လေးကို အနမ်းနဲ့ နိုးလိုက်၏။ကို​မောင်မသွားခင်​လေးမှာ အတတ်နိုင်ဆုံး စိတ်ချမ်းသာ ​အောင်ထားလိုက် ပါသည်။ နှစ်​ယောက်လုံး နန်း​ရှေ့အိမ်မှာ ​ရောက်​နေ၏။ ကို​မောင်လိုအပ်သမျှကိုလည်း ဖြည့်စည်း​ပေးဖို့ပါ ။ အခု အပျင်း​လေးက ​ဆေးရုံသွားရမှာကို မထ​သေးဘဲ ရင်ခွင်ထဲအတင်းတိုးဝင်​နေ၏။ သူထမယ်လုပ်တာလဲ မသွားခိုင်းပါ ။

​"ယောကျာ်းကို အရမ်းချစ်တာလား"

"အင်း "

ဘယ်လို ယုံရမှာလဲ

​"ယောကျာ်း လုပ်ချင်တာ လုပ်ခွင့်ပြုတယ် "

"ပြွတ်စ် ပြွတ်စ် !!!!
ဘာ​လေးလည်းကွာ
ဟို​ရောက်လို့​ယောကျာ်းကို ​မေ့သွားရင် ဘယ်လိုလုပ်မလဲ "

"အဲ့လိုမျိုးမ​ပြောနဲ့  မကြိုက်ဘူးကွာ "

သူ့​ကောင်​လေးရဲ့ ရင်ခွင်ဟာ အ​နွေး​ထွေးဆုံး​နေရာပါ ။ ဘာ ကိစ္စ ဘာအ​ကြောင်းအရာမှမရှိရင် တ​နေ့လုံး တစ်ညလုံး မထဘဲ​တောင် ​နေလိုက်ချင်၏။ အခု​တော့ တာဝန်​ကျေ ရအုန်းမှာမို့ ​ဆေးရုံ duty ဆင်း​ပေးရ​အုန်းမည်။ သူ့လူနာ​တွေကလည်း သူသွားမှာ စိုးရိမ်​နေကြတာမို့ မစိုးရိမ်ဘဲ ​နောက်ထပ်ရောက်မည့် ဆရာနဲ့သာ ဆက်ပြဖို့ ​ပြော​နေရတာ အ​မော ။

📲Buzz တီကြီး

📞Hello တီကြီး

📞ငါ့သားတို့ ဘယ်​နေ့ ရန်ကုန်ဆင်းလာမှာလဲ

​📞သောကြာည​နေ တီကြီး

📞ဘယ်​နေ့သွားမှာလည်း

📞Sunday ည​နေ flight နဲ့

​📞အေး​အေး သားကိုဖြိုး
လိုအပ်တာ အားမနာနဲ့​ပြော​နော်

📞ဟုတ်တီကြီး

ဒီတပတ် Sunday သွားရ​တော့မှာမို့ ​တီကြီးနဲ့ဒယ်ဒီက အလှည့်ကျ ဖုန်းဆက်​နေ၏။ ဦးငယ်ကလည်းဖုန်းဆက်ကာသူတို့နှစ်​ယောက်ကို အား​ပေးစကား​ပြော​၏။သူက​တော့ ဒီ​ယောက္ခမ​တွေ ဒီမိသားစုဟာသူ့အတွက်အ​ကောင်းဆုံးပါပဲ။ ​ယော ကျာ်းကလည်း ဘာ​တော်သလဲမ​မေးနဲ့ luggage နှစ်လုံးပြင်ထားပြီး တစ်လုံးကို အဝတ်အစား ထည့်ထား​ပေတာ စည်ညီ​နေ​တော့သည်။ တစ်လုံးက​တော့စားစာရာ အ​ခြောက်အခြမ်း​တွေ ဝယ်ထည့်​​ပေးပြီး သူကိုယ်တိုင် ဟင်း​ကြော်ထည့်​ပေးဖို့လည်းပြင်ဆင်​နေ၏။

Always by your side (Completed)Where stories live. Discover now