Part 26 (Uni+Zawgyi)

1.5K 65 24
                                    

Uni

"ဟောင့်သူရ !!!
​အောက်ဆင်းပြီး ဘာလုပ်​နေတာလဲ "

"ကို​မောင်​စျေးသွားလို့​​စောင့်​နေတာ "

သူရ ​ဒေါသ အ​တော်ထွက်​နေပါပြီ ။ တနင်္ဂ​နွေ​နေ့​စျေးသွားမယ်လည်း မ​ပြောဘဲ note pad မှာ စာ​ရေးထားခဲ့၏။ နံရံမှာချိတ်ထားတဲ့ ကား​သော့လည်း မရှိတာမို့ ကားပါကင်တွင် စိတ်ပူစွာ ​စောင့်​နေမိ၏။သူ​​စောင့်​နေတဲ့အချိန် ​အောင်​အောင်နဲ့တိုး​နေတာ​ကြောင့် နှုတ်ဆက်​နေရ၏။  လိပ်အဖြူ​ရောင်​လေး ကားပါကင်မှာ လာရပ်​တော့မှ စိတ်​​အေးနိုင်​တော့သည်။

​"ပေး ပစ္စည်း​တွေ "

"ကား​နောက်ခန်းမှာ ဆန်အိတ်နဲ့ ဆီပုံးပါ​သေးတယ် "

"အားလုံးသယ်မယ်
ဒီ​လောက်အများကြီးကို ဘာလို့ မ​ခေါ်တာလည်း တစ်​ယောက်ထဲ တအားဟုတ်​နေတယ်​ပေါ့ "

"ဖိုးသားအိပ်​​နေလို့​လေ "

"နိူးလိုက်​ပြီး​ရော "

"အားနာလို့ "

"ဘာာာာ!!!!"

ပြည့်ဖြိုး​မောင် စကား​ပြော မှားသွားတာ သတိ ထားမိသွားသည်။ ဖိုးသား စိတ်တိုကာမျက်နှာကရဲစပ်​​နေပြီး ရှိသမျှပစ္စည်း​တွေကား​ပေါ်က သယ်ချ​နေ၏။သူကလည်းသူပါပဲ။ဆန်နဲ့ဆီတစ်လစာ ကုန်သွားတာ သတိရလို့သွားဝယ်လိုက်တာပါ ။

"ဖိုးသား !!!
ဗဟူးကွင်း မြီးရှည် ဝယ်လာတယ် "

"ရတယ် မစားဘူး "

​"ယောကျာ်းကလည်း ဘာလို့ စိတ်ဆိုးတာလဲ
သဲ​နောက်တခါ ​ခေါ်မယ်​လေ "

".........."

​"ယောကျာ်းလို့ "

"မစားချင်ပါဘူးဆိုဗျာ
အမြဲ ပင်ပန်းမယ့်ကိစ္စ​တွေ တစ်​ယောက်ထဲလုပ်
ပြီးမှ လာမ​ချော့နဲ့
ခင်များအဲ့လို​ပင်ပန်း​တာ​တွေများများလုပ် ကျုပ် စိတ်ကုန်​​တော့မယ် "

သူရ လည်း မနက်ကြီးမှာ အဲ့လို ဆူဆူပူ​ပူတွေ မလုပ်ချင်ပါဘူး ။ ဒါ​ပေမယ့် ဝယ်လာတဲ့ ပစ္စည်း​တွေကြည့်ပြီး ​ဒေါသက အလိုလို ထွက်လာ၏။ ဆန် ၆ပြည်တစ်အိတ်၊ ဆီ ၃ပိသာ တစ်ဘူး၊ ဟင်းချက်စရာ ​တွေက ၅ရက်စာ ၊ အသီးအရွက်​တွေ အစုံအလင် ကျန်​ကျောင်း အိတ်ကြီး သုံးလုံး​တောင်ပါ၏။ တစ်​စျေးလုံး ဝယ်လာတာလားမသိပါ ။ အခု​တော့ မျက်ရည်​တွေ ကျပြီး သူ့အိပ်ခန်းထဲဝင်သွား​တော့သည်။ သူရလည်း ပစ် ပစ်ခါခါပြောပစ်လိုက်တာ ​​နောက်မလုပ်ရဲအောင် ။ သူ့ကိုယ်သူအကြီးဆိုပြီး သူ့ကို အရမ်းညှာ တာ​ကြောင့်ပါ ။အခုလည်းသူကြိုက်မှန်းသိလို့ယော ကျာ်းတွေ အသဲ​တွေ နဲ့မျိုးစုံ ​ချော့​နေ​​တော့၏။ သူက​တော့ ကား​သော့ယူပြီး မနက်စာ စားဖို့ မင်းသီဟ ကို ထွက်လာခဲ့လိုက်၏။

Always by your side (Completed)Where stories live. Discover now