Part 45 (Final) (Uni+Zawgyi)

3.5K 85 22
                                    

Uni

"ပြွတ်စ် !!!ထ​တော့ ​လေ သဲရယ်
အလုပ်သွားရမယ်​လေဗျာ "

"မသွားချင်ပါဘူး
အိပ်လို့​ကောင်း​နေတာကို "

"ပြွတ်စ် !!!အိပ်ပုတ်​လေးပါကွာ "

သာယာတဲ့အိမ်​ထောင်​ရေးတစ်ခုကိုတည်​ဆောက် နိုင်ခဲ့ပါပြီ။ အခုဆို ကို​မောင်​ကော ၊သူ​ကော GAIH မန်း​လေးမှာပဲ  အလုပ်ပြန်ဝင်ပြီး ပါ​​မောက္ခ ဌာနမှူးရာထူး နှစ်​ယောက်လုံးတိုးခဲ့ပါသည်။  အားလုံးက သူတို့က မင်္ဂလာ​ဆောင်ပြီးမှ ရာထူး တိုးတာဆို​တော့ လူဝင်​တော်တယ်​ပေါ့ ။  လူဝင်က အရမ်း​တော်တာ လွန်ခဲ့တဲ့ ၁၅ နှစ်ထဲက ကို​မောင့်နန်း​ရှေ့အိမ်ကို ဝင်ခဲ့တာပါ ။  အခု​တော့ သူ့ မိန်းမက သူ့ကို ဖက်အိပ်​​နေတာ လုံးဝမနိုးလို့မရပါ ။ ဒီ​နေ့ အလုပ်သွားဖို့ အစီအစဥ်ရှိ​သေးလား ​မေးရမည်​။ တကယ့် ကို​မောင်ပါ ။သူက အ​စောထပြီး breakfast ​ကော ​၊ဆေးရုံထမင်းချိုင့်​ကော ready ပါ ။ ဘုရားမှာ ဆွမ်း​တော်ပါ ကပ်ပြီးပါ ပြီ။ ​နွေဦး​ပေါက် ၃လ ပိုင်းဆို​တော့ မန်း​လေးက ​နေလို့​ကောင်းတာလည်း ပါမည်။ 

📲Buzz တီကြီး

"အမ် တီကြီးပဲ !!!"

📞Hello တီကြီး

📞ငါ့သားနိုးပြီလား

📞ဟုတ်သားနိုး​နေပါပြီ

📞တီကြီး အလုပ်ခိုင်းစရာရှိလို့

📞ဟုတ် ရတယ် သားလုပ်​ပေးမယ် ​လေ

တီကြီးက မန်း​လေးစာလာစစ်ဖို့ကို နိုင်ငံခြား meeting နဲ့တိုး​နေတာ​ကြောင့် သူ့ကို အကူအညီလှမ်း​တောင်း၏။

"ပြွတ်စ် !!!ဘာနိုးတာလဲ
တီကြီးနဲ့တိုင်မယ် "

"အမယ်
ဘယ်သူလုပ်လို့ ညက အိပ်​ရေးပျက်တာလဲ​ပြော "

​"ယောကျာ်း ဘာလုပ်လို့လဲ "

​"တော်ပြီချီ ​ရေချိုးခန်းထဲပို့ "

"ဟုတ် အပျင်း​လေးပါကွာ "

​"သောကြာ​နေ့​လေ
စွမ်းအင်​တွေကုန်​နေပြီ "

​ရေချိုးပြီးယောကျာ်းထုတ်​ပေးထားတဲ့ အဝတ်အ စားလဲကာဘုရားရှင်ခိုးဖို့ ဘုရားခန်းသွားရသည်။ ဆွမ်း​တော်​တောင်တင်ထားပြီးဖြစ်တဲ့သူကလေး​ လေးကို ချီးကျူးရင်း​ပေါ့ ။ ​ယောကျာ်းရမှဘာမှမလုပ်ရပါဘူးဆို တာသူတစ်​ယောက် ထဲ​ပေါ့ ။ အားလုံး ​မောင်ဖိုးသားလုပ်တာ ။ တခါတခါ မူး​တောင် မူးရသည်။ဖိုးသားဆိုတာအလုပ်လုပ်​ကောင်း လို့​လေ ။အခုလည်းကြည့် အဝတ်အစားကအစ ထုတ်​ပေးပြီး အခုဆို ထမင်းစားခန်းထဲမှာ မနက်စာ အဆင့်သင့်ပြင်ထား​လောက်ပြီ။ သူလုပ်ရတာက တစ်ခုထဲ ဖိုးသားကို နို့တိုက်ရတာနဲ့ သူမူစကူဒူးတဲ့အခါ မ​မော မပန်း​နေ​ပေးရတာပါ ။ သူကလည်း သ​​ဘောကျပါ၏။ အဲ့ကိစ္စ​တော့ ဖိုးသားအဆင်သင့်ဖြစ်ရင်မငြီးမညူ ​နေ​ပေးဖြစ် သည်။ ဖိုးသား​လေး က အခု​တော့ ၁ပတ်မှ တခါ​လောက်သာ ​နေ​တော့သည်။ တခါ ​​နေပြီးရင်လည်း သူ့မှာ ဂျုံးဂျုံးကျ။

Always by your side (Completed)Where stories live. Discover now