2unizg.အဆိုးလေးရဲ့..ကိုကို

1.5K 88 4
                                    

....အဆိုးလေးရဲ့..ကိုကို(s2).....
.....အပိုင်း (၂)....

ဟိုသည်သွားလာနေတဲ့လူတွေက များပြားသလို လမ်းဘေးစျေးသည်လို့ခေါ်လို့ရတဲ့ အသည်တွေသည်လည်း ဟိုတစ်စု ဒီတစ်စုနဲ့ စည်ကားနေသည်...။မနက်ရောင်ခြည်ကျရောက်သည်နဲ့ဝမ်းစာအတွက်ရှာဖွေရုန်းကန်နေသည်မှာ မလွယ်လှ..။သူ့အတွက်ဆင်းရဲချင်းကဂြိုလ်နဲ့လားလို့ မေးယူရသည်ထိ သူ့ဘဝကပြည့်စုံလှသည်..။ငွေ ဆိုငွေ ရွှေဆိုရွှေ သူတတိုင်းရတတ်သည်..သူ့ကိုချစ်ပေး ဂရုစိုက် ပေးမဲ့သူတွေသည်လည်း သူ့အနားမှာအမြဲအသင့်ရှိသည်..။သူ့ဘဝက တကယ်ကိုကံကောင်းတယ်လို့ဆိုရမည်..သူငယ်ချင်းကောင်း မိဘကောင်း ဆွေမျိးကောင်းတွေသာ သူပိုင်ဆိုင်ထားသည်..။ထိုထဲတွင် သူ့ကိုဆို သူများတွေထပ်..မေမေ့ထပ်အလိုလိုက်အနိုင်ကျင့်ခံတဲ့ ကိုကိုဆိုတဲ့လူသားလေးတစ်ဦးပါ.သူပိုင်ဆိုင်ထားပါသည်....။သူအနိုင်ကျင့်တိုင်း မျက်ရည်လေးသာဝဲတတ်သည်..စိတ်ဆိုးရင်တောင် ဘယ်တော့မှတစ်ရက်မကျော် သူမချော့ရင်တောင် သူ့ကိုအမြဲလာလာခေါ်တဲ့ ကိုကို..။ဟုတ်သည် ဒီကိုကိုဆိုတဲ့နာမ်စားလေး သူတခါခေါ်တိုင်း သူ့ရင်ထဲထိရောက်နေတတ်သည်..အမှန်တိုင်းပြောရရင် ဂျောင်ဂု ကိုကိုဂျီမင်းဆိုတဲ့ လူသားလေးကို ချစ်ပါသည်..နှလုံးသားထဲကနေကို မြတ်မြတ်နိုးနိုးနဲ့ ချစ်သည်...။
ဟိုသည်သွားလာနေတဲ့လူတွေကို ငေးကြည့်ရင်း အ​တွေး​တွေက ဟိုရောက်ဒီရောက်..။

ဒီနေ့ထယ်ယောင်းတို့နဲ့ချိန်းထားတာကြောင့် သူဒီနေရာကိုအရင်ရောက်နေချင်း.ထယ်ယောင်းတို့မလာသေးတာကြောင့်..သူစီးကရက်ကိုသာ.ထုတ်သောက်နေမိသည်...။အကျ်ီအဖြူပေါ်မှာအမဲရောင်ကန့်လန့်စင်းလေးတွေပါသည့်အကျ်ီကိုသူဝတ်ထားပီး အပေါ်မှဂျင်းရောင်လက်ရှည်ကိုထပ်ဝတ်ထားသည်.ထိုလက်ရှည်ကိုအဖျားလေးတွေခေါက်ထားသည်မို့.လက်ဖြူဖြူလေးပေါ်မှာ တတ်တူးလေးကထင်းကနဲ..ဘောင်းဘီကလည်းစတိုင်လ်ပင်အမဲလေးဖို့ သူ့ပုံစံလေးက လူများကြားထဲထင်းထွက်နေသည်..။အနားရှိ နံရံကိုမှီကာဆေးလိပ်သောက်နေသည့် သူ့ကို မိန်းကလေး အများစုက ကြည့်ကွက်ကြည့်ကွက်မို့..သူဘဝင်ခွေနေမီတာတော့အမှန်ပင်..။သူလည်းပုထုစဥ်လူသားပဲ မိန်းကလေးတွေအကြည့်များတော့ ရှိုးထုတ်ပဲများနေမိသည်..သူ့ကို​ကြည့်..တဲ့ကောင်မလေးတွေကို မျက်လုံးတစ်ဖတ်မှိတ်ပြတော့ ထိုကောင်မလေးတွေဆီက အသံစာစာလေးတွေထွက်ပေါ်လာသည်..နူတ်ခမ်းနဲ့လက်ညိုးလက်ခယ်ကို နမ်းပီး ကောင်မလေးကို kissပုံစံလေးလုပ်ပြတော့ ကောင်မလေး​တွေဆီက စီခနဲအသံထွက်လာပြန်သည်.. .။ထိုစဥ် ကြားလိုက်ရတဲ့အသံကြီးတစ်ခု....။

အဆိုးလေးရဲ့..ကိုကိုs2Where stories live. Discover now