6unizgအဆိုးလေးရဲ့ကိုကို(s2)

1.1K 74 5
                                    

.....အဆိုးလေးရဲ့ကိုကို(s2).....
.....အပိုင်း (၆).....

ဂျီမင်းသူ့ကို ဆိုင်ကယ်ပေါ်အတင်းတင်ခေါ် အိမ်ရောက်တာနဲ့ ဆိုင်ပေါ်က ပွေ့ချကာ အိမ်ထဲထိခေါ်ချလာသည်..။ဆိုဖာပေါ်မှာသူ့ကိုချလိုက်ပီးတာနဲ့ သူ့ပေါင်ပေါ်ကိုကျလာတဲ့ဆေးထုတ်တွေ..ဂျီမင်းကြောင်နနလေးနဲ့ဆေးထုတ်တွေကိုဖွင့်ကြည့်နေတုန်း..အပေါ်ဂျာကင်အကျ်ီအနက်ကိုဆွဲချွတ်လိုက်တာကြောင့်ညာဖတ် လက်မောင်ဖွေးဖွေးလေးပေါ်မှာ ပေါ်လာတဲ့တတ်တူးတွေက ကြွယွနေသည်...။ထိုတတ်တူးတွေကို ဂျီမင်းတမေ့တမော ငေးကြည့်မိသည်..။ဂျောင်ဂု ဂျာကင်ကိုချွတ်ပီးတာနဲ့ တစ်ဖတ်ဆိုဖာပေါ်ကိုပစ်တင်လိုက်သည်..။တစ်ဆတ်တည်းသူကိုယ်တိုင်လည်းဂျီမင်းဘေးနားကို  ထိုင်ချလိုက်သည်...။သူ့ကိုငေးကြည့်နေတဲ့ သူ့ကိုကိုကို မှေးဆက်ပြလိုက်ပီး ရောင်လာတဲ့ဘယ်လက်ကိုထိုးပေးလိုက်သည်..။ထိုတော့မှသတိဝင်သူနှယ် အိတ်ထဲကပတ်တီးနဲ့လိမ်းဆေးဗူးကိူထုတ်ယူကာ သူ့လက်တွေကိုစတင်လိမ်းပေးသည်....။

"လက်ကဘာဖစ်လာပြန်ပီလည်း  ရန်ဖစ်လာပြန်ပီလားမင်း..."

ခေါင်းငုံ့ဆေးလိမ်းနေတဲ့လူမေးတာကိုမဖြေပဲ စူထွက်နေတဲ့နူတ်ခမ်းလေးကိုသာသူငေးကြည့်နေမိသည်..။
ဂျီမင်းသူမေးတာကိုမဖြေပဲ အသံတိတ်နေတာကြောင့် မော့ကြည့်တော့ သူ့ကိုငေးကြည့်နေတဲ့ဂျောင်ဂုမျက်ဝန်းတွေနဲ့စုံမိကျသည်...။တစ်ယောက်ကိုတစ်ယောက် ငေးကြည့်နေကျမိသည်မှာ သတိလက်လွတ် စက္ကန့်ပေါင်းများသွာထိကိုငေးစိုက်ကြည့်နေမိကျသည်...။ထိုစဥ်..

"သားတို့..."

အိမ်ပေါက်ဝကအရိပ်တစ်ခုနဲ့အတူ မားအသံကြောင့် သူတို့သတိတွေကိုယ်ဆီဝင်လာကျသည်..။ဂျီမင်းမျက်နာထူထူပူပူနဲ့ပဲခေါင်းငုံ့ချကာ ဆေးလိမ်းပတ်တီးစည်းချင်းကိုမြန်မြန်လက်စသက်လိုက်သည်...။ဂျောင်ဂုကိုယ်တိုင်လည်း လည်ကုတ်ကိုသာပွတ်သပ်နေမိသည်..။

"သားငယ် မင်းဘာ​တွေဖစ်လာပြန်ပီလည်း ရန်ဖစ်လာပြန်ပီလား..."

ဂျွန်မေမေ လက်ပွေ့အိတ်ကြီးကိုစားပွဲပေါ်တင်ကာ သားဖစ်သူနားကိူစိုးရိမ်တကြီးကပ်ထိုင်လိုက်သည်..။ပတ်တီးစည်းပီးသွားတဲ့ လက်လေးကိုမထိရက်သလို ထိကိုင်ကာ စိုးရီမ်တကြီးမေးမိသည်....။.

အဆိုးလေးရဲ့..ကိုကိုs2Where stories live. Discover now