35unizg..အဆိုးလေးရဲ့ကိုကို s2

818 58 5
                                    

"အ့ "

"ဗွမ်း.."

"ဘယ်လိုလည်း သတိရပြီလား"

နာကျင်မှုနဲ့အတူ အေးစက်တဲ့ရေတွေက ဂျီမင်းမျက်နာထက် ကျရောက်လာသည့်.။ထိုစဥ်ကြားလိုက်ရတဲ့မိန်းမအသံကြောင် ရေမွန်းနေတဲ့ကြားက မျက်လုံးတို့ကိုဖွင့်ကြည့်လိုက်မိသည်

"ဟင် မင်း မင်း ဟန်နလာ.."

"ဟုတ်တယ် ငါပဲ ငါ ငါ "

ဂျီမင်းအင်္ကျီရင်တွေကိုလာရောက်ဆုပ်ကိုင်လှုပ်ခါနေတာကြောင့် ဂျီမင်းအပြေချင်တဲ့ခေါင်းကပိုမူးလာရသည်..။

"ဖယ် လွှတ်စမ်း  ငါ့ကိုမထိနဲ့"

"အဟွန့် မကြာခင်သေရတော့မယ့်နင်ကလေသံတွေပါတွေမာနေလို့ပါလား ဟမ်..ဘယ်သူ့အားကိုးနေတာလည်း နင်အားကိုးတဲ့ဂျွန်ဂျောင်ဂုဆိုတာလည်းမကြာဘူးငါ့အပိူင်ဖြစ်လာတော့မှာ နင် နင်သာ ငါတို့ကြားဝင်မရှုပ်ခဲ့ရင် ငါနဲ့ကိုကပျော်စရာကောင်းတဲ့မိသားစုလေးကိုပိုင်ဆိုင်နေလောက်ပြီ အားလုံးနင့်ကြောင် နင့်ကြောင့် အကုန်ပျက်ဆီးသွားတာ.."

အရူးတစ်ယောက်လို စကား​တွေအဆက် ဆက်မရှိပြောနေတဲ့ ဟန်နလာကိုကြည့်ပြီးဂျီမင်းထိတ်လန့်လာရသည်။သူ့ကိုထိုင်ခုံပေါ်မှာ လက်နောက်ပြန်ကြိုးတုပ်ထားတာကြောင့် ဂျီမင်းဘာမှမတတ်နိုင်ပေ..။သိူပေမဲ့ လက်ကချည်နှောင်ထားတဲ့ကြိုးတွေကိုလအသာရုန်းဖြေကြည့်နေမိသည်..။ကြိုးကိုရုန်းလေ သူ့လက်ကောက်ဝက်များကစပ်ဖျင်းဖျင်းပူပူထူထူကြီးခံစားနေရသည်။

"နင်သိလား ကိုကငါ့ကိုသိပ်ချစ်ခဲ့တာ အရမ်းပဲချစ်ခဲ့တာ ငါက ကို့ရဲ့အချစ်ဦးလေ ကို့ကိုငါတစ်ယောက်ထဲပိုင်ဆိုင်သင့်တယ်မလား ဟင် ငါတစ်ယောက်ထဲ ပိုင်ဆိုင်သင့်တယ်မလား..ဟမ် နင်သေသင့်တယ်မလား"

"အ့.."

မျက်နာကိုအားနဲ့ညစ်ကိုင်လိုက်တာမို့ ဂျီမင်းနာကျင်သွားရသည် ။

"ဟန်နလာ နင်အရူးပဲ အရူးပဲ နင်ဘယ်လောက်ပဲချစ်ချစ် မောင် ကငါ့အပိုင်ဆိုတဲ့အမှန်တရားကဘယ်​တေ့ာမှမပြောင်းလဲသွားဘူး နင်.."

အဆိုးလေးရဲ့..ကိုကိုs2Where stories live. Discover now