28unizg အဆိုးလေးရဲ့ကိုကို s2

845 61 2
                                    


"နေ့တိုင်းလာနေရတာ ခုမှပဲမြင်ချင်နေတဲ့မျက်နာကိုတွေ့ရတော့တယ်.."

ဂျောင်ဂုထယ်ယောင်းနဲ့ဟိုဆော့ ဆိုင်ကယ်ကိုဝိုင်းကလိနေတုန်းကြားလိုက်ရတဲ့အသံကြောင့် ခေါင်းထောင်ကြည့်လိုက်ကျသည်..။မြင်လိုက်ရတဲ့မျက်နာက မမြင်ချင်တဲ့မျက်နာဖြစ်နေတာကြောင့် သုံးယောက်လုံးမျက်မှောင်ကုတ်သွားကျသည်...။

"မင်းမျက်နာကိုလည်း မြင်ချင်နေတဲ့ကောင်တစ်ကောင်မှပါမနေဘူး အ့တော့အလိုက်တသိနဲ့လစ်လိုက်တော့ဟန်နလာ"

"ငါလည်း ပြောပီးသာပဲ ငါမြင်ချင်နင်တို့မျက်နာမဟုတ်ဘူးလို့.."

ထောင်းခနဲစိတ်တိုသွားတာကြောင့်
ထယ်ယောင်းလက်ထဲမှာကိုင်ထားတဲ့ ဂွသေးတွေရောအကြီးတွေရောပြစ်ချကာ ထရပ်လိုက်သည် ...။

"အရှက်မရှိတဲ့မျက်နာက ဘယ်လိုလည်းဆိုတာမြင်ဘူးချင်နေတာခုမှပဲမြင်သေချာမြင်ရတော့တယ်.."

"နင် ယောင်္ကျားဖြစ်ပီးမိန်းကလေးတစ်ယောက်ကိုခုလိုပြောတယ်ပေါ့.."

"ဖြစ်နိုင်ရင်ဒီထပ်ကိုပြောချင်တာ စကားလုံးရှာမရလို့ အ့ကျတော့လာလမ်းတိုင်းပြန်လှည့်လိုက်တော့.."

"မလှည့်ဘူး ငါလာတွေ့တာကို့ ကို ကိုနဲ့စကားပြောပီးမှငါပြန်မှာ ကိုကငါ့ကိုစိတ်ဆိုးနေလို့ သေချာပြန်ရှင်းပြတောင်းပန်မလို့.."

"ပြောစရာစကားငါ့မှာမရှိတဲ့အတွက် မင်းပြန်လိုက်တာကောင်းမယ်"

အစပိုင်း ဂျောင်ဂုဝင်မပါပဲမသိချင်ယောင်ဆောင်ဖို့လုပ်ထားပေမဲ့ ဟန်နလာ ပြောတဲ့စကားတွေက ဘေးကကြားတဲ့လူတွေ သမီးရည်းစားရန်ဖြစ်စိတ်ကောက်နေကျတယ်လို့ထင်မြင်သွားကျလိမ့်မယ်..။လက်ထဲကကိုင်ထားတဲ့ပစ္စည်းအတိုအထွာတွေကိုပြစ်ချလိုက်ပီး ဟန်နလာ ရှေ့မှာရပ်လိုက်ကာ...။

"မင်းပြောတဲ့စကားတွေကကြားရတာအဆင်မပြေဘူး မင်းနဲ့ငါ့ကြားမှာတချိန်ကဖြစ်ခဲ့တဲ့ဇာတ်လမ်းတစ်ခုပဲရှိခဲ့တာ ကျန်တာဘာအကန့်မှမရှိဘူး နောက်ပီးမင်းကိုစိတ်ဆိုးစိတ်ကောက်တယ်လို့ပြောရအောင် မင်းကငါ့စိတ်ထဲမှာထားရလောက်တဲ့ထိ ဘောင်မဝင်သေးဘူး အဲ့ဒါကြောင့်မင်းပြန်လိုက်တော့ အရင်ကပတ်သတ်ခဲ့ဘူးတာမှန်တယ် ဒါပေမဲ့မင်းနဲ့ငါက တွဲကြည့်ခဲ့ယုံအသင့်ပဲ မင်းနဲ့ဇာတ်လမ်းကိုအဆုံးသတ်မဲ့အချိန် မင်းကနိုင်ငံခြားကိုထွက်သွားခဲ့တာလေ ပီးပီလေ အဲ့မှာတင် ဘာ​တွေဇာတ်လမ်းထပ်ရှည်ချင်သေးတာလည်း.."

အဆိုးလေးရဲ့..ကိုကိုs2Where stories live. Discover now