7unizgအဆိုးလေးရဲ့ကိုကို

1.5K 89 4
                                    

..အဆိုးလေးရဲ့ကိုကို (s2)..
....အပိုင်း (၇).....

"ဝူး....ဝူး...ကျွိ..."

"jeon jung kook..jeon jung.kook...ရေး
ကြိုးစားထားကြိုးစားထား  ဖိုက်တင်း  Jeon jung Kook. ကြိုးစား.."

ဆိုင်ကယ်ပြိုင်ပွဲကြီးက အကြီးအကျယ်မို့ လာရောက်အားပေးတဲ့လူတွေလည်းမနည်းမနော သူ့လူနဲ့သူ သူ့အစုအဖွဲ့နဲ့သူအားပေးသံ အော်ဟစ်သံတွေကလည်း စည်စည်ကားကာ...။ထိုထဲတွင် အသံလေးတစ်ခုကဆာဆာနဲ့သူများတွေမောပေမဲ့ သူမို့မမောနိုင်မပန်းနိုင် သူ့ကောင်လေးကိုအားပေးနေတဲ့သူတစ်ယောက်ရှိနေသည်..။ထိုလူကတော့အခြားလူမဟုတ် ပတ်ခ်ဂျီမင်း ပင်ဖြစ်သည်..။ဆိုင်ကယ်ပြိုင်ပွဲမှာ ထယ်ယောင်းလည်းပါဝင်ပေမဲ့ ဟိုဆော့ သူ့ဘေးကလူလောက်တော့ မအော်နိုင်ပေ...။

"ဂျီမင်း ခနလောက်နားပါဦးလား မင်းလည်ချောင်းတွေနာနေလိမ့်မယ်.."

"အဟွတ် အဟွတ်အဟွတ်.. "

ဟိုဆော့ပြောမှ လည်ချောင်းကခြောက်ကပ်ပီးယားလာတာကြောင့် ဂျီမင်းချောင်းတွေဆိုးနေမိသည်...။

"ရော​့ ရော့ ရေရေ ဖြေးဖြေးလည်းသောက်ဦး.."

"ကျေးဇူး ကျေးဇူးပါ ဟိုဆော့ jeon jung kookဖိုက်တင်း.."

ကျေးဇူးစကားပြောပီးတာနဲ့ ထပ်အော်နေတဲ့လူကြောင့်ဟိုဆော့ စိတ်အချဥ်ပေါက်လာရသည်..။ဒါနဲ့ပဲ မတ်တပ်ရပ်အော်နေတဲ့ဂျီမင်းကိုသူနောက်ကနေဆွဲချကာခုံပေါ်ကိုထိုင်စေလိုက်သည်...။

"ဂျောင်ဂုနိုင်မှာ အ့လောက်အော်မနေနဲ့ မင်း လည်းချောင်းတွေကွဲထွက်ကုန်လိမ့်မယ်.."

သူအော်တာကိုနှောက်ယှက်တဲ့ဟိုဆော့ကို ဘုကြည့်ကြည့်ပီးမှ ဟိုဆော့စကားကြောင့် မျက်နာကချက်ချင်းပြုံးယောင်သန်းလာသည်...။

"တကယ်လား တကယ်ဂျောင်ဂုနိုင်မှာလား.."

"အေးလို့ ဟုတ်ပါတယ်ဆိုကွာ.."

"ထယ်ယောင်းရောပြိုင်တယ်မလား ထယ်ယောင်းက ငါတိုဂျောင်ဂုလောက်မတော်လို့ မနိုင်တာလား..ဟုတ်လား.."

မျက်လုံးလေးထောင့်ကပ်ပေးနေပုံကအသည်းယားစရာ.ဂျွန်ဂျောင်ဂု တို့ဒီဟာလေးကိုသည်းသည်းလှုပ်ချစ်တာမစမ်းပါဘူး ဒါပေမဲ့လည်း သူ့crushကိုထိပါးလာတာကြောင့် စိတ်ကချဥ်တူးတူးဖစ်လာရသည်....။

အဆိုးလေးရဲ့..ကိုကိုs2Where stories live. Discover now