34unizg..အဆိုးလေးရဲ့ကိုကို s2

755 60 7
                                    

"ဂျီမင်းလေး"

"ဟင် ကိုကို ကိုကိုကဒီကိုဘယ်လိုလုပ်"

ဂျီမင်းသန့်စင်ခန်းထဲကထွက်လာချိန် အပေါက်ဝမှာသူ့က်ုခေါ်သံနဲ့အတူ ယွန်းဂီကိုမြင်လိုက်တာကြောင့်လန့်သွားရသည်..။

"အွန်း ကိုကိုမင်းကိုနူတ်ဆက်ချင်လို့တမင်ဒီကနေစောင့်နေတာ "

"ဒါများကိုကိုရယ် ပွဲထဲကစောင့်နေရောပေါ့ ခု​တော့ အိမ်သာရှေ့ကြီးမှာ"

"ကိုကိုဒီတစ်ခါနူတ်ဆက်တာက ကြာမယ်ထင်တယ်"

"ဗျာ ဗျာကိုကိုကျွန်တော်နားမလည်ဘူး"

"ကိုကိုcompanyရုံးအခြေစိုက်ကို ဂျပန်မှာပြောင်းလိုက်ပြီဂျီမင်းလေး ကိုကိုကဂျပန်မှာပဲအလုပ်ကိုလူပ်တော့မှာမို့ ဆိုးလ်ကိုပြန်လာဖို့သိပ်မလွယ်တော့ဘူး အ့တာကြောင့် ဂျီမင်းလေးကိုသီးသန့်နူတ်ဆက်ချင်လို့ပါ ခမ်းမထဲမှာ မင်းရဲ့အမျိုးသားရှိနေတော့အဆင်မပြေလောက်လို့ပါ.."

ယွန်းဂီ ပြောသမျှစကားများကိုနူတ်ခမ်းလေးဖွင့်ဟ အံအံသြသြနားထောင်နေသည်မှာ ပိဘိကလေးငယ်တစ်ယောက်လို။ဒီကောင်းလေးအပေါ်စိတ်တွေတိမ်းညွှတ်ခဲ့ဖူးပါသည် ခုချိန်ထိလည်းချစ်နေခ​ဲ့တာလည်းမှန်ပေမည်.။

"ကျေးဇူးပါ ဂျီမင်းလေး..."

ရုတ်တရပ် လာဖက်တဲ့ကိုကိုကြောင့်ဂျီမင်းယောင်နနနဲ့ပြန်ဖက်ထားလိုက်မိသည်။

"ကိုကိုဒီမှာရှိနေတဲ့အတောအတွင်း ကူညီပေးခဲ့ မိသားစုလိုဆက်ဆံပေးခဲ့လို့ကိုကိုကျေးဇူးတင်ပါတယ်"


ယွန်းဂီ သူ့ရင်ခွင်ထဲကကောင်လေးက်ုပခုံးကနေဆုပ်ကိုင်မျက်နာချင်းဆိုင်လိုက်သည်။

"အရာရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် ကိုကိုရဲ့မင်လေး"


နဖူးထပ်နွေးခနဲဖြစ်သွားရတဲ့ခံစားချက်ကြောင့် ဂျီမင်းရင်ထဲထိတ်သွားရသည်.သူ့နဖူးထပ်အနမ်းခံလိုက်မှန်းဂျီမင်းသိလိုက်သည်။ကိုကို့ကိုကြည့်တော့လည်း ညိုးရော်နေတဲ့မျက်နာလေးကြောင့် ဂျီမင်းဘာပြောလို့ပြောရမှန်းမသိတော့ချေ..။သိုပေမဲ့မောင် သာ သူကြာနေလို့နောက်ကလိုက်လာခဲ့ရင်..။


အဆိုးလေးရဲ့..ကိုကိုs2Where stories live. Discover now