"တောက်စ်.."
ဂျောင်ဂု လက်ထဲက ကိုင်ထားတဲ့နေကြာပန်းစည်းကြီးကို အိမ်တံခါးဝမှာ ပစ်ချလိုက်ပီး..တောက်တချက်ကိုပြင်းစွာခေါက်လိုက်သည်..။ပီးနောက် သူလှည့်ထွက်လာကာ....။
"အဟက် ရှေ့ဆက် ဘာဖစ်မလဲကြည့်ကျတာပေါ့.Parkjiminship.."
အံကြိတ်သံနဲ့ပြောလိုက်ပြောလိုက်သည်...။သူကို့စိတ်ကောက်နေတာကိုသိပေမဲ့ သူဂရုမစိုက်စွာပဲနေခဲ့တယ်...။အရင်လိုသူ့ကိုပြန်ခေါ်မှာပဲလို့တွေးခဲ့မိသည်...။သုံးရက်တိတိရှိခဲ့ပီ သူ့ကိုစကားလာမပြောသလို သူလာတွေ့ရင်လည်းလုံးဝအတွေ့ခံတာ...။တကယ်စိတ်ဆိုးသွားပီမှန်းသိလို့ ဂျီမင်းအရမ်းမြတ်နိုးတဲ့နေကြာပန်းစည်းကြီးကို သူကိုယ်တိုင်သွားဝယ်ခဲ့သည်...။ခုတော့သူမြင်လိုက်ရတဲ့ မြင်ကွင်းကလုံးဝလက်မခံချင်စရာ..သူမဟုတ်တဲ့သူစိမ်းတစ်ယောက်ရင်ခွင်ထဲခိုဝင်နေတာကို သူလုံးဝမကြည့်နိုင်ခဲ့..။သူ့လူကိုသူသာထိကိုင်ချင်တယ် တခြားလူထိတွေ့ဖို့မပြောနဲ့ အကြည့်နဲ့တောင်သူမကြိုက် ခုတော့...။
"တောက်စ်..ကွာ...ဝုန်း..ခွမ်း..."
တွေးရင်းတွေးရင်းဒေါသကထွက်လာတာကြောင့် အိမ်ထဲရောက်ရောက်ချင်း ဧည့်ခန်းစားပွဲပေါ်က ပန်းအိုးတွေရော မေမေ့ အလှပြင်ပစ္စည်းတွေကိုရောပါ သိမ်းကြုံး တွန်းဖယ်ချလိုက်သည်...။တစ်ဆက်တည်းဆိုသလို အိမ်ပေါက်တံခါးနားမှာထားတဲ့ အလှပန်းအိုးကြီးကိုပါ အားနဲ့ပိတ်ကန်ပစ်လိုက်သည်...။
"အ့ ဟာကွာ အား..."
သူပိတ်ကန်လိုက်ပေမဲ့ အလှပန်းအိုးကလှဲကျမသွား သူ့ခြေထောက်ပဲအဆမတန်နာကျင်သွားရသည်..။နာကျင်တာရော ဒေါသထွက်နေတာရောပေါင်းကာ ဂျောင်ဂုအိမ်ပေါက်ဝကြမ်းပြင်ပေါ်မှာပဲ ပက်လက်ကားယားကြီးလှဲချကာအော်ပစ်လိုက်သည်....။
"ဟဲ့ အော် သားဘာတွေဖစ်နေတာလည်း သားမင်လေးဆီသွားမှာဆို ဘယ့်နှယ့်ကြမ်းပြင်ကြီးမှာလှဲအိပ်နေရတာလည်း..."
သူ့အသံကြောင့် မီးဖိုထဲကမေမေပြာပြာသလဲပြေးထွက်လာသည်..။ပီးနောက်သူ့ပုံစံကိုမြင်တာနဲ့ ရင်ဘတ်ဖိကာ သူ့ကိုအတင်းဆွဲထူသည်...။ဂျောင်ဂုမေမေ ဆွဲထူလည်းမထပဲပေကပ်အိပ်နေလိုက်သည်....။
YOU ARE READING
အဆိုးလေးရဲ့..ကိုကိုs2
Fanfictionချစ်တယ်...မောင့်ကလေးလေး... jeon jung kook မင်းကတကယ်အဆိုးလေးပဲ...ဂျောင်ဂု.. park jimin...