8unizgအဆိုးလေးရဲ့ကိုကို(s2)

1K 74 5
                                    

...အဆိုးလေးရဲ့ကိုကို(s2)...
...အပိုင်း (၈)...

ညနေက လူကိုအတင်းရှုပ်နမ်းပီးလူကိုအိမ်ပြန်ပို့ခဲ့တယ်..ပီးတာနဲ့ညကျအပြင်သွားရင်လိုက်ခဲ့ရမယ်လို့ပါ အမိန့်ကချမှတ်သွားပြန်လေသည်..။ဂျီမင်းခဗျာဘာမှပြန်မပြောနိုင်ပဲ လက်ညိုးလေးတစ်ထောင်ထောင်နဲ့သာ ထွက်သွားတဲ့အဆိုးလေးရဲ့ကျောပြင်ကြီးကိုသာ ကြောင်နနလိုက်ကြည့်နေမိသည်...။ခုလည်း သူကပြင်ဆင်ပီး ဂျောင်ဂုအိမ်ကိုလိုက်သွား​တော့.မားနဲ့တွေ့ခဲ့တယ်..။မားက..

"သွားနှင့်မယ်ပြောသွားတယ်သား  သားလိုက်သွားလိုက်လေ .."

ထိုစကားကြောင့် လူကစိတ်တိုတိုနဲ့အိမ်ကိုပြန်လာခဲ့သည်..။မလာတော့ဘူးလို့ပြောမို့ဖုန်းကဆက်ပေမဲ့ သူ့ဖုန်းကိုအဆိုးလေးကမကိုင်..ဂျီမင်းအိပ်ယာပေါ်ပက်လက်လှန်ချကာ နဖူးပေါ်လက်တင်ကာ သွားမသွားဆုံးဖြတ်ရခတ်နေသည်..။

"ငါသွားရင်ကောင်းမလား မသွားရင်ကောင်းမလား တကယ်လို့ငါမသွားရင် အဆိုးကောင်ကငါ့ကိုတစ်ခုခုလုပ်မှာလည်းကြောက်ရတယ် သွားရင်လည်း တစ်ယောက်ထဲအဆင်မှမပြေတာ...အား...ဂျွန်ဂျောင်ဂုမင်းနော်မင်း.."

ဂျီမင်း အိပ်ယာတွေကိုတဘုန်းဘုန်းထုနေရင်း အော်လိုက်မိသည်..။အော်လို့ဝတာနဲ့ သူလွယ်နေကျအိတ်လေးကိုကောက်လွယ်ကာ အဆိုးလေးနမ်းလိုက်လို့ အနည်းငယ်ထူအမ်းနေတာကြောင့် မက်စ်အမဲရောက် ကောက်တပ်ခဲ့သည်..။ပီးတာနဲ့အိမ်အောက်ကိုဆင်းကာ..။

"​ဒေါက်..ဒေါက်..
လေးလေး ကျွန်တော်အပြင်ခနသွားဦးမယ်နော် စောင့်မနေနဲ့နော် အိပ်နှင့်လိုက်နော်..."

"တစ်ယောက်ထဲလားမင်လေး.."

"မဟုတ်ဘူးလေးလေး ဂျောင်ဂုနဲ့.."

ဂျောင်ဂုဆိုတဲ့အသံကြားရတာနဲ့ လေးလေးဆီကသက်ပြင်းချသံကို သူအတိုင်းသားကြားနေရသည်..။လေးလေးက ဂျောင်ဂုကိုချစ်ပေမဲ့ သူ့ကိုအနိုင့်ကျင့်ချင်တဲ့စိတ်ကိုတော့သဘောမကျတာ ဂျီမင်းသိပါသည်..။လေးလေးဆီက တားမြစ်သံထွက်မလာသေးခင် ဂျီမင်းလေးလေးအခန်းရှေ့ကထွက်လာခဲ့သည်....။ဟူး..မင်းကြောင့်ငါရင်မောတယ် အဆိုးလေးအစုတ်ပလုပ်ဂျောင်ဂုရဲ့...။

အဆိုးလေးရဲ့..ကိုကိုs2Where stories live. Discover now