22unizgအဆိုးလေးရဲ့ကိုကိုs2

1.1K 73 3
                                    

"မောင့်ဂျီမင်းလေး ရေမချိုးသေးဘူးလား.."

ဟိုတယ်ရောက်ကတည်းက ရေချိုးခန်းနဲ့အိမ်သာ ကိုမြင်ကတည်းကအလိုမကျစွာအိပ်ယာပေါ်ကိုတတ်ထိုင်နေတဲ့လူ..နူတ်ခမ်းကလည်းစူထော်နေသေးသည်..။သူ့ကိုလည်းစကားတခွန်းမှမပြောတော့ပေ..။ဂျောင်ဂုလည်း ဘယ်လောက်ထိစကားမပြောပဲနေနိုင်လည်းသိချင်တာကြောင့် အိပ်ယာဘေးကဆိုဖာပေါ်ကနေ ထိုင်ကြည့်နေလိုက်သည်..။တဖြေး​ဖြေးနဲ့အချိန်တွေကုန်လာသည်မို့ နောက်ဆုံးမနေနိုင်တဲ့သူကပဲအရင်စကားပြောလိုက်ရသည်..။သူမေးတာကိုမဖြေပဲ မျက်စောင်းထိုးကြည့်တာမို့ ဂျောင်ဂုအသည်းယားကာ အောက်နူတ်ခမ်းကိုသာကိုက်ထားမိသည်...။

"ဟော ကြည့်  လူကိုဘာမှပြန်မပြောပဲမျက်စောင်းပဲထိုးနေတာပေါ့ မောင့်ဂျီမင်းလေး အသံကိုကြားချင်လို့စကားပြောပါကွာနော် နော် နော်လို့.."

"မင်းဘာဖစ်နေတာလည်း အသံကိုကချွဲပစ်နေတာ.. "

"မောင်ကဘာဖစ်ရမှာလည်းဂျီမင်းကလေးလေးဖစ်နေတာပေ့ါလို့..."

"ဘာလုပ်တာလည်း ဖယ်လွတ် ငါ့ကိုလာမထိနဲ့လို့.."

အိပ်ယာပေါ်မှာထိုင်နေတဲ့လူကို ဂျောင်ဂုဆွဲဖက်ပစ်လိုက်ပီးလှဲချပစ်လိုက်သည်  ခြေထောက်​တွေကိူလည်း သူခြေထောက်တွေနဲ့ဖိညှပ်ထားလိုက်သည်..ခါးကသူ့လက်ကိုအားထည့်ကာ တင်းနေအောင်ဖက်ထားလိုက်သည်...။

"အ့ မင်းလူမဟုတ်ဘူးလား အား ဖယ် အသက်ရှူရကြပ်နေပီ..ဖယ်.."

ဂျီမင်း သူ့ကိုအတင်းရှုပ်ဖက်ထားတဲ့ဂျောင်ဂုကြောင့် စိတ်ဆိုးနေတာတွေကဘယ်ပျောက်ကုန်မှန်းမသိ အတင်းရုန်းကန်နေရသည်..။ငှားထားတဲ့အခန်းကရေမချိုးရဲတာကြောင့် သူ့ဘာသာထိုင်နေလိုက်သည်..စိတ်ကလည်းဆိုးတာပေါ့..။ဒါကိုလာချွဲအတင်းဖက်နေတာကြောင့် ဂျီမင်းရီချင်လာရသည်.ထိုစဥ်ခါးကိုလာကလိထိုးနေတဲ့ဂျောင်ဂုကြောင့် ယားတတ်တဲ့ဂျီမင်းအဖို့ အိပ်ယာပေါ်နဲ့သူဖက်ထားတဲ့ကြားကလူးလိမ့်ရုန်းကန်နေရသည်..။

"အား အဟား ဟား ယားတယ် မလုပ်နဲ့လို့ အဟားဟား ယားတယ်လို့ ယားတယ်လို့..မလုပ်နဲ့ဆို အဟားဟား.. "

အဆိုးလေးရဲ့..ကိုကိုs2Unde poveștirile trăiesc. Descoperă acum