12unizgအဆိုးလေးရဲ့ကိုကို(s2)

1K 80 6
                                    


ဂျီမင်း ကော်ဖီဆိုင်ထဲကထွက်သွားတဲ့ဂျောင်ဂုနောက်ကိုအတင်းပြေးလိုက်ခဲ့သည်...ဂျီမင်း.ဂျောင်ဂုလက်ကိုဆွဲကိုင်တားပေမဲ့ ဂျောင်ဂုကအကိုင်မခံ ပုတ်ချသည်...။စိတ်ဆိုးတာရှားတဲ့အဆိုးလေးစိတ်ဆိုးစိတ်တိုနေတော့ ဂျီမင်း ဘလိုမှ မနေတတ် ဒါကြောင့်လည်း ဂျောင်ဂုကပေါ်တတ်သည်ထိ သူပါလိုက်တတ်ခဲ့သည်...။ကော်ဖီဆိုင်ထဲမှာကျန်နေခဲ့တဲ့ယွန်းဂီကိုလည်း ခုချိန်သူလုံးဝအမှတ်မရတော့ပေ...။ကားမောင်းနေရင်း အံကိုကြိတ် စတီယာရင်ကိုကိုင်ထားတဲ့လက်တွေက အကြောတွေထောင်နေတာကြောင့် ဂျီမင်းအရဲစွန့်ကာ ဂျောင်ဂုကိုခေါ်မိသည်....။

"ဂျောင် ဂျောင်ဂု..."

"တိတ် ခဗျားတိတ်နေ ကျုပ်စိတ်တွေတအားတိုနေတာနော် ပါးစပ်ပိတ်ပီးအေးဆေးလိုက်ခဲ့.."

အအော်ခံလိုက်ရတာကြောင့်ဂျီမင်းလန့်ဖျန့်ကာကားပြတင်းမှန်လေးမှာကျောကပ်မိပီး နူတ်ခမ်းတွေကိုလက်သေးသေးလေးနဲ့ဖိကပ်ထားလိုက်မိသည်...။
ဂျောင်ဂုသူ့ကိုလန်နေတဲ့သူကိုလျစ်လျူရှု့ကာ ကားကိုသာအရှိန်မြှင့်မောင်းလာခဲ့သည်..။အံကိုတင်းနေအောင်ကြိတ်ထားမိတာကြောင့် သွားခြေတွေတောင်နာလာမိသည်ထိ..။ပထမဆုံးအကြိမ် သူခုလောက်ထိဒေါသထွက်ဖူးတာ..ဘယ်လိုသတ္တိတွေနဲ့ တခြားလူနဲ့လက်ထက်မယ်လို့ကြံရဲတာလည်းပတ်ခ်ဂျီမင်း..ခုချိန်သူ့စိတ်တွေလွတ်ပေးလိုက်ရင် ကားတိုက်မှုတွေဖစ်ကုန်တော့မယ်..။စိတ်ကိုရအောင်ထိန်းကာ အိမ်ကိုသာကားမိုင်ကုန်မောင်းလာခဲ့သည်...။

"ဒုန်း."

ကားကိုပေါ်တီအောက်မှာတုန့်ခနဲထိုးရပ်လိုက်ပီး ကားတံခါးကိုဖွင့်ကာအားနဲ့စောင့်ပိတ်လိုက်သည်..။ထိုနောက် ဂျီမင်းဘက်ခြမ်းကိုခြေလှမ်းကြဲကြီးတွေနဲ့သွားကာ တံခါးကိုဆွဲဖွင့်လိုက်သည်....။

"ဆင်း  "

သူ့ကို မျက်လုံးဝိုင်းလေးတွေနဲ့မော့ကြည့်ပီးခေါင်းခါနေတဲ့လူကြောင့် ဂျောင်ဂု တောက်ကိုပြင်းစွာခေါက်လိုက်သည်...။

"တောက်စ် ဆင်းခဲ့လို့ပြောနေတယ်နော်.."

"ဟင့်အင်း မဆင်းဘူး "

အဆိုးလေးရဲ့..ကိုကိုs2Where stories live. Discover now