24unizgအဆိုးလေးရဲ့ကိုကိုs2

932 56 5
                                    


လေယာဥ်ပေါ်ကိုရောက်တာနဲ့ သူ့ပခုံးပေါ်ကိုခေါင်းတင်အိပ်နေတဲ့ ဂျောင်ဂု..။သူလည်းပင်ပန်းနေလောက်ရောပေါ့ ညစျေးတန်းကဟိုတယ်ကိုပြန်ရောက်ကတည်းက သူ့ကိုသာ နားခိုင်းပီးဆာဖိုလိုကိုသွားဖို့လေယာဥ်လက်မှတ်အစ တည်းခိုဖို့ဟိုတည်ခန်းအဆုံး ကိုယ်တိုင်ပြေးလွှားနေရသည်..ခုသူ့ပုခုံးပေါ်မှာအိပ်ပျော်နေတဲ့ကောင်လေးကဘယ်လောက်ထိပင်ပန်းနေကြောင်းပြသနေသည်..။တော်ယုံဆို လူပုံကမာတယ်ထင်ပေမဲ့ ဂျီမင်းအရှေ့ကျကလေးဆိုးလေးတစ်ယောက်လိုဆိုးနေတာကိုတော့ ဂျီမင်းသိသည်..။အိပ်ပျော်နေတဲ့ သူ့ပုခုံးပေါ်ကဂျောင်ဂုပါးလေးကိုခပ်ဖွဖွပွတ်သပ်ကိုင်ရင်းဂျီမင်းပြုံးမိသည် ပီးနောက် အမှတ်တရညလေးဖြစ်ခဲ့တဲ့ တိုကျိုညစျေးလေးကိုဂျီမင်းရင်ထဲဘယ်တော့မှမမေ့..။သူတို့နမ်းနမ်းနေခဲ့သည်မှာ ဘယ်လောက်ထိကြာခဲ့သလည်းအချိန်တွေလည်းမသိ..နူမ်းနေတဲ့နူတ်ခမ်းတွေခွာလိုင်တဲ့အချိန် သူတို့ကိုဝိုင်းကြည့်လက်ခုပ်တွေနဲ့သြဘာပေးနေကျသည် တချိူ့က ဓာတ်ပုံလေးတွေရိုက်ပီး အပျော်တွေကူးစက်နေသည်..။ဂျီမင်းရှက်ရှက်နဲ့ဂျောင်ဂုဂျောင်ဂုရင်ခွင်ထဲကိုတိုးဝင်မိသည်...ဂျောင်ဂုသူ့ရင်ခွင်ထဲတိုးဝင်လာတဲ့ဂျီမင်းကိုယ်လေးကိုပြန်ဖက်ထားရင်း အချိန်​တွေကုန်ဆုံးခဲ့လေသည်..။ဂျီမင်းပြန်​တွေးနေရင်း မျက်နာထက်အပြုံးလေးတွေဖြစ်ထွန်းလာရသည်..သူ့ကို ချစ်တယ်လို့မပြောဖူးပေမဲ့ သူဒီအဆိုးအဆာလေးကိုတနေ့ထက်တနေ့ပိုချစ်လာရတာကိုတော့ ဝန်ခံချင်ပါသည်..။အ​တွေးတွေကိုဖယ်ထုတ်လိုက်ပီး ဂျောင်ဂုခေါင်းလေးထက်ဂျီမင်းသူ့ပါးလေးကိုထိကပ်ကာ အိပ်စက်လိုက်သည်...။

................

"အင်း   လေယာဥ်​တောင်ဆိုက်နေပီပဲ ငါတော်တော်လေးအိပ်ပျော်သွားတာပဲ.."

ဂျီမင်း ဆူညံနေတဲ့အသံတွေကြောင့်နိုးလာခဲ့ရသည်..။ကြည့်လိုက်​တော့ လေယာဥ်ဆိုက်တာကြောင့် အသီးသီးနေရာကဆင်းနေကျသည်..။ဂျီမင်း သူ့ရင်ခွင်ထဲရောက်နေတဲ့အဆိုးလေးကိုကြည့်​တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်..သူမနိုးရက်ပေမဲ့ လေယာဥ်ဆိုက်ပီမို့ နိုးရပေတော့မည်..။

အဆိုးလေးရဲ့..ကိုကိုs2Where stories live. Discover now