36unizg အဆိုးလေးရဲ့ကိုကိုs2ဇာတ်သိမ်းပိုင်း

1K 68 10
                                    

ကားလေးကို ဆင်ဝင်အောက်မှာထိုးရပ်လိုက်ပြီး သူ့ဘေးမှာအိပ်နေတဲ့သူ့အပိုင်လေးကိုဂျောင်ဂုငေးကြည့်နေမိသည်..။နဖူးထပ်ကဆံစလေးတွေကိုတယုတယသပ်တင်ပေးရင်း နဖူးလေးကိုညင်သာစွာနမ်းရှိုက်လိုက်သည်..။ပြီးနောက်ကားပေါ်ကဆင်းကာ သူ့အပိုင်လေးကိုဖွဖွလေးပွေ့ယူလိုက်ပြီးအိမ်ထဲသို့ဝင်လာခဲ့သည်..။ထိုအိမ်လေးကတိတ်ဆိတ်နေပေမဲ့ ပန်းရန့တွေနဲ့မွှေးပျံ့နေသည်။သူ့အပိုင်လေးကို အပေါ်ထပ်အခန်းလေးထဲမှာပဲဖွဖွလေးချသိပ်လိုက်သည် သူပါဘေးနားကဝင်အိပ်လိုက်ပြီး သူ့အပိုင်လေးကိုရင်ခွင်ထဲထည့်ကာ မျက်ဝန်းတို့ပိတ်ချလိုက်သည်.။သူ့မျက်ဝန်းထဲမှာမြင်လာတဲ့မြင်ကွင်းတစ်ချို့ကြောင့် သူ့အပိုင်လေးကိုယ်လေးကိုတင်းနေအောင်ပွေ့ဖက်ထားမိသည်။သူသာခြေတစ်လှမ်းနောက်ကျခဲ့ရင် သူ့အပိုင်လေးကိုဆုံးရှုံးရမည်ဆိုတဲ့အ​တွေးကသူ့ကိုနှိပ်စက်နေသယောင်..။

"မောင် တောင်းပန်ပါတယ် မောင့်အချစ်လေးရယ် မောင်မင်းကိုသေချာမစောင့်ရှောက်နိုင်ခဲ့လို့မောင်တောင်းပန်ပါတယ်.."

ဂျောင်ဂု ဂျီမင်းမကြားမှန်းသိပေမဲ့ တောင်ူပန်စကားတွေထပ်ခါထပ်ခါပြောနေမိသည်။နဖူး ပါး နူတ်ခမ်းဖူးဖူးလေးတွေကိုလည်း ညင်ညင်သာသာနမ်းရှိုက်နေမိပြန်သည်။


"ကောင်းကောင်းအိပ်ပါမောင့်ဂျီမင်းလေး မောင့်ဂျီမင်းလေးနိုးတာနဲ့ ပျော်စရာကြည်နူးစရာ​တွေ မောင့်အချစ်တွေနဲ့စိုက်ပျိုးထားတဲ့ ပန်းခင်းကြီးကိုမောင်က မင်းအတွက်လက်ဆောင်ပေးမှာမို့ပါ ကောင်းကောင်းအိပ်ပါ မောင့်အချစ်လေး ရွတ်"

နဖူးထပ်အနမ်းခြွေချပြန်ကာ တစ်ဖန်မျက်ဝန်းတို့မျက်ကာဂျောင်ဂုအိပ်စက်လိုက်သည်...။


....................

"ဟင် အင်း.."

ဂျီမင်း လက်ကောက်ဝတ်ကနညကျင်မှုနဲ့အတူနိုးထလာရသည်..။မျက်ဝန်းတို့မဖွင့်သေးပေမဲ့ တင်းကြပ်စွာအဖက်ခံထားရခြင်းကိုခံစားမိသည်..။ပြီးနောက် သူ့နှာခေါင်းဝကိုလာရောက် ထိခတ်ကြည်စယ်နေတဲ့ ပန်းရနံ့တို့။မျက်ဝန်းတို့ကိုဖွင့်ကြည့်မိတော့ မောင့် ရဲ့ မျက်နာချောချောကိုအရင်တွေ့လိုက်ရသည်။ပန်းရနံ့တို့ကိုခနမေ့ကာ မောင့်မျက်နာ သူ့လက်သေးသေးလေး​တွေနဲ့ထိကိုင်လိုက်မိသည်။သူ့ကိုစိုးရိမ်နေတဲ့မောင့်မျက်ဝန်းအိမ်​တွေ ဒေါသတကြီးဖြစ်နေတဲ့မောင့်ရဲ့အသက်ရှူသံပြင်းပြင်းတွေ ဘယ်လောက်ပဲ စိတ်တိုဒေါသထွက်နေပါစေ သူ့ကိုလာရောက်ဆုပ်ကိုင်တဲ့မောင့်လက်လေးတွေက ညင်သာနွေးထွေးလွန်းလှသည်..။ မှေးစေ့ထပ်မှာငုတ်တိုလေးတွေပေါက်နေတဲ့ မုတ်ဆိတ်ငုတ်တိုလေးတွေ။မောင့်ဂဲ့မှေးစေ့လေးကိုထိကိုင်ရင်း ဂျီမင်းမော့နမ်းလိုက်မိသည်..။

အဆိုးလေးရဲ့..ကိုကိုs2Where stories live. Discover now