9unizgအဆိုးလေးရဲ့ကိုကို(s2)

1K 79 4
                                    

.....အဆိုးလေးရဲ့ကိုကို(s2)......
.....အပိုင်း (၉)......

"ဝူးးးဝူး..ဟဲ့မြင်း ဟမ် ဘာလို့ရပ်သွားတာလည်း မြင်းကြီးကဆက်ပြေးလေ ဆက်သွားလေ ဟာ ဆက်သွားပါဆို..မင်းပဲလုပ်ပြန်ပီလား..."

ဂျောင်ဂု ကားစတီယာရင်ကို ကိုင်ထားရင်း သူ့ဘေးမှာ ထိုင်ခုံကိုနောက်ပြန်ခွလျက်သားစီးပီး မျက်လုံးတွေမှိတ် မြင်းလုပ်စီးနေတဲ့သူကို့ ဂျောင်ဂုပထမဆုံးအကြိမ်စိတ်ရှုပ်သလိုကြည့်လိုက်မိသည် သူ့ဘဝမှာဒီနေ့လောက်ချွေးပြန်ခဲ့တဲ့ရက်ကိုလက်ချိုးရတဲ့အထိ ဒီနေ့ကပိုဆိုးသည်..။တစ်လမ်းလုံး ပေါက်တတ်ကရတွေပြောလိုက် သူ့ပခုံးကိုလာကိုက်လိုက် သူဆံပင်တွေကိုလာဆွဲလိုက် သူ့မှာသောက်ထားတဲ့အရက်တောင်ကြက်ပျောက်ငှက်ပျောက်..။ခုလည်းအိမ်ကိုရောက်လို့ကားရပ်တာကို သူ့ကိုမကျေမနပ်နူတ်ခမ်းစူပီးလာကြည့်နေပြန်သည်..။

"မင်းပဲ မင်းပဲလုပ်ပြန်ပီလား ဟင် မင်းတော့ငါလုပ်ရင်နာတော့မယ်.."

"အား ပတ်ခ်ဂျီမင်းလွှတ်စမ်း အား..."

ပါးစပ်ကပြောရင်နောက်ကျဦးမယ်..။သူ့ဆံပင်ကိုအားရပါးရလာဆွဲတဲ့လက်သေးသေးလေးတင်စုံကြောင့် သူ့ခေါင်းကပူထူသွားပြန်သည်..။ထိုမျှမက သူ့ခေါင်းကပါဆွဲထားတဲ့လက်နောက်ယိုင်ကျသွားသည်...။

"မင်းမလား ငါ့မြင်းကိုရပ်လိုက်တာ မင်းကိုငါကိုယိတော်ကိုယ်တိုင်အပြစ်ပေးရမယ် လာခဲ့.."

"အား လွတ် အား ကျုပ်ပြန်လုပ်ရင်ခဗျားနာမှာနော် အားလွတ်.."

ဆွဲထားတဲ့ဆံပင်ကိုလွတ်ပီး သူ့လည်ပင်းကိုလာကိုက်တာတာကြောင့် ဂျောင်ဂု ရုန်းမရဖယ်ချမရဖစ်နေရသည်..။သူ့အသားနာရင် မခံတတ်ဲတဲ့လူက ခုသူရဲ့တစ်ဦးတည်းသောကိုကိုက လည်ပင်းကိုကိုက်ခဲနေသည်..။သူရုန်းလို့ရပေမဲ့မရုန်း သူ့လက်တွေနဲ့ဂျီမင်းမျက်နာကိုတွန်းဖယ်ချလို့ရပေမဲ့ သူမလုပ်...။

"အား နာတယ်လို့ဂျီမင်း လွတ်ပေး.."

"ဟင် နာတယ် နာတယ်လို့ပြောလိုက်တာလား..ဟုတ်လား.."

ကိုက်ထားတာကိုမလွတ်ပဲ စကားပလုံးပထွေးနဲ့သူ့ကိုမျက်လုံးလန်ကြည့်ကာပြောနေပြန်သည်.. ။ပေကလပ်ပေကလပ်လုပ်နေတဲ့လူကြောင့် ဂျောင်ဂုအသည်းယားလွန်းလို့ အံကိုသာကြိတ်ထားရသည်..။

အဆိုးလေးရဲ့..ကိုကိုs2Where stories live. Discover now