31 unizg အဆိုးလေးရဲ့ကိုကို s2

950 58 3
                                    

"ဟင် မောင် မောင် သတိရလာပြီ မောင်..."

မျက်ရည်အချွဲသားနဲ့ဂျီမင်းဂျောင်ဂုမျက်နာလေးကိုထိကိုင်မိသည် ပီးမှ အမှတ်ရကာ ဆရာဝန်ဆီဆက်သွယ်လိုက်သည်..။မကြာဆရာဝန်နဲ့နာစ့်အချို့ဝင်လာကျသည်။.သူတို့နောက်မှာ လေးလေးတို့ပါ ဝင်လာကျသည်..။သူကိုယ်တိုင်ကတော့ အခန်းထောင့်လေးမှာ ကပ်ရပ်နေမိသည်..။

ဂျောင်ဂု ဝင်လာတဲ့လူအားလုံးကိုမကြည့် ပဲ သူ့အပိုင်လေးရဲ့စိုးရိမ်မကင်းဖြစ်နေတဲ့မျက်နာလေးကိုသာကြည့်နေမိသည်..။သူစိတ်ကထင်နေလို့လားမသိ သူအပိုင်လေးမျက်နာလေးကနည်နည်းချောင်ကျနေသည်..။သူလက်​တွေမျက်လုံးတွေကို မြှောက်ကြည့် ဖွင့်ကြည့်လုပ်နေတာလည်း သူအကြည့်တွေကသူ့အပိုင်လေးဆီကမခွာ..။

"အွန်း စိတ်ချရတဲ့အခြေနေကိုရောက်နေပါပြီ ဒါပေမဲ့သိပ်တော့လှုပ်ရှားမှုတွေမပြုစေချင်ဘူး တချို့နေရာတွေကို ပြန်ထိသွားမှာဆိုးလို့.."

ဆရာဝန်ကလိုအပ်တာမှန်သမျှလုပ်ကိုင်ပေးပြီးတာနဲ့ အခန်းထဲကထွက်သွားသည်.ဟိုဆော့နဲ့ဂျင် မားတို့သည်လည်းအလိုက်တသိနဲ့ထွက်သွားပေးသည်။အခန်းထဲမှာ ဂျီမင်းနဲ့ဂျောင်ဂု သာကျန်နေခဲ့သည်..။မောင်သတိရလာတာနဲ့ ဂျီမင်းအခန်းထောင့်လေးမှာ ကပ်နေမိသည်..။မောင်နောက်ထပ်အိပ်ပျော်သွားမှာကိုစိုးရိမ်နေမိတာတော့အမှန်။

"မောင့်ဂျီမင်းလေး မောင့်ဆီလာပါဦး.."

"မောင့်..."

ဂျောင်ဂု လက်ကမ်းခေါ်တော့မှ မျက်နာလေးမဲ့ကျကာ သူ့ရင်ခွင်ဆီအပြေးဖက်တွယ်လာသည်..။

"မောင် ငါမောင့်ကိုချစ်တယ် အရမ်းချစ်တာမို့ နောက်ဆို ခုလိုကြီးမအိပ်ရဘူးနော်."

"မောင်တောင်းပန်ပါတယ် အချစ်ရယ် မောင်က တောင်းပန်တာမို့မငိုရဘူးလေနော်.."

"ဟင့်အင်း ငါမငိုဘူး သူ့ဘာသာမျက်ရည်ကကျနေတာ ငါမောင်ကိုစိတ်ပူလွန်းလို့ရူးမတတ်ပဲသိလား မောင်သတိမရတော့ရင်ဆိုတဲ့စိတ်နဲ့ငါရူးမတတ်ပဲ တကယ်လို့ မပြောကောင်းမဆိုကောင်း မောင်သာတစ်ခုခုလွဲချော်သွားရင်လေ မောင့်နောက်ကိုငါလိုက်ခဲ့မို့ထိတွေးထားတာသိလားမောင်..."

အဆိုးလေးရဲ့..ကိုကိုs2Where stories live. Discover now