33.unizg အဆိုးလေးရဲ့ကိုကိုs2

843 60 4
                                    


*၃လခန့်ကြာသော်*

ဒီနေ့ကလေးလေးဂျင်နဲ့ကိုကြီးနမ်းဂျွန်တို့ရဲ့မင်္ဂလာပွဲနေ့လေးပင်..မောင့်ခြေထောက်နဲ့လက်​တွေကလည်းပုံမှန်လူလိုပြန်လှုပ်ရှားနိုင်နေပြီ ဒါကြောင့်လည်း လေးလေးက မင်္ဂလာပွဲကို ခုမှကျင်းပခြင်းဖြစ်သည်။ကိုကြီးနမ်းဂျွန်နဲ့မို့လေးလေးကိုစိတ်ချပေမဲ့ အမှန်တိုင်းပြောရရင် ဂျီမင်း လေးလေးကိုနှ​မြောမိတာအမှန်ပင်။ဒါပေမဲ့လည်း သူ့ကိုအမြဲစောင့်ရှောက်ပေးတဲ့လေးလေးကိုသူချစ်တဲ့သူနဲ့ပေညင်းဖပ်မှာကိုကြည်ဖြူစွာလက်ခံပေးမိသည်..။မင်္ဂလာပွဲကသိပ်အကြီးအကျယ်ကြီးမဟုတ်ပေ အသိမိတ်ဆွေတချို့နဲ့မိသားစုဝင်နည်းနည်းသာဖိတ်ကြားထားသည်။ဂျီမင်းအင်္ကျီလဲဝတ်နေရင်းစိတ်လှုပ်ရှားတာကြောင့် သက်ပြင်းကိုသာချနေမိသည် ။

"ဟင်းးးးးးး"

"ဟော မောင့်ဂျီမင်းလေး သက်ပြင်းချနေတာဘယ်နှစ်ခါရှိနေပြီလည်း.."

မောင့်အသံနဲ့အတူ သူ့ခါးထပ်လာရောက်ဖက်တွယ်လာတဲ့လက်​တွေကြောင့် ဂျီမင်းမောင့်လက်ပေါ်ကနေပြန်အုပ်ကိုင်ထားလိုက်သည်..။

"မောင်.."

"ဟင် ပြောလေအချစ်ရဲ့.."

"လေးလေးကကိုကြီးဂျွန်
နဲ့လက်ထက်ပြီးရင်အတူတူလိုက်သွားမှာတဲ့လားဟင် ငါလေးလေးကိုမမေးရက်လို့မမေးခဲ့တာ ငါသာအ့လိုမေးရင်လေးလေးကငါ့ကိုငဲ့ပြီးသယဆန္ဒအတိုင်းလုပ်မှာမဟုတ်ဘူး အဲ့တောကြောင့်မောင့်ကိုများပြောထားသေးလားဟင်.."

"မောင့်ဂျီမင်းလေးက သူ့လေးလေးကိုတိုနေတာပဲ အွန်းဟုတ်တယ် မောင့်ကိုပြောတယ် သူကိုကြီးနမ်းဂျွန်နဲ့လက်ထက်ပြီးလည်း ဒီမှာပဲတူတူနေမှာတဲ့ မောင့်ဂျီမင်းလေးကိုစိတ်မချတာရော မောင့်ကလည်းမင်းကိုအနိုင်ကျင့်မှာကြောက်လို့ဒီမှာပဲတူတူနေမှာတဲ့ မောင့်ကိုအဲ့လိုပြောတယ်.."

"ဒါ ဒါကို ကိုကြီးနမ်းဂျွန်ကရောလက်ခံလားရင်"

"ကိုကြီးက ပြောနေရမဲ့သူလား ဘာမဆိုလေးလေးသဘော လေးလေးသဘောနဲ့ ဒီလောက်ချစ်တာကို"

"တော်ပါသေးတယ်မောင်ရယ်  လေးလေးကိုငါနဲ့ဝေးရာခေါ်သွားမှာကြောက်နေတာ"

အဆိုးလေးရဲ့..ကိုကိုs2Where stories live. Discover now