25unizg အဆိုးလေးရဲ့ကိုကို s2

948 74 5
                                    

"ဘယ်လိုလည်း ပျော်ရဲ့လား.."

မနက်မိုးသောက်ရောင်ခြည်နဲ့အတူ ကျဆင်းနေတဲ့နှင်းစက်တွေကို ဟိုတယ်ဝရံတာကနေဂျီမင်းငေးမောကြည့်နေမိသည်..။ကျဆင်းနေတဲ့နှင်းဖြူဖြူဖွေးဖွေးလေးကို မျက်နာမော့ကာခံယူနေမိပြန်တယ်။ဂျီမင်းထိုသို့ ခံယူနေရင်း စကားသံနဲ့အတူ သူ့ခါးထက်ကို လာရောက်ပွေ့ပိုက်နေတဲ့လက်တစ်စုံ..။ပီး​နောက် နွေးထွေးတဲ့ရင်ခွင်ကျယ်ကြီးထဲ ဂျီမင်းကျောပြင်လေးထိကပ်သွားရလေသည် တစ်ဆက်တည်း သူ့လည်တိုင်မှာ လာရောက်မှေးတင်တဲ့ အဆိုးလေးနဲ့ မျက်နာချောချော..။ပွေပိုက်ထားတဲ့ဂျောင်ဂုလက်တွေကိုပြန်လည်အုပ်ကိုင်ထားပီး အိပ်ရာထကာစ မျက်နာလေးလေးကိုစောင်းငဲ့ကြည့်မိသည်..။

"အမှန်တိုင်းပြောရမလား လိမ်ပြောရမလား."

"အဟားဟား ဟား မနက်စောစောစီးစီးလိမ်ရင် ပါးစပ်နံတတ်တယ်နော် ခဗျားသဘောဘယ်လိုဖြေချင်လည်း.."

"မဟုတ်တာမင်းပြောပြန်ပီ ဘာပဲဖြစ်ဖြစ်ပါ မင်းကိုတော့ကျေးဇူးတင်မိတာအမှန်ပါ.."

"ကျေးဇူးက ဘာအတွက်လဲ.."

"ငါ့မြင််တွေ့ချင်နေတဲ့ဒီနှင်းစက်လေးတွေဆီခေါ်လာပေးလို့ပေါ့"

"ကျေးဇူးဆိုတဲ့စကားကခဗျားနဲ့ကျွန်တော့အကြားပြောဖို့လိုသေးလို့လား "

"အဟွန့် မလိုပေမဲ့ငါပြောချင်
တယ်လေ ပီး​တော့ငါအရမ်းပျော်တယ်သိလား "

"ရပီ ပျော်တယ်ဆိုတဲ့စကားပဲ ဒီကောင်ကကြားချင်တာ.."

"အွန်းပါငါသိပါတယ် မင်းသိလားမောင် ငါနှင်းစက်​တွေမြင်​တော့အိမ်ကိုပြန်တောင်မပြန်ချင်ဘူး.."

"ခဗျားဆန္ဒကိုဖြည့်စေးပေးချင်ပေမဲ့ ကျွန်တော့အရေးကြီးကိစ္စတစ်ခုပေါ်လာလို့ ပြန်ရမယ်နဲ့တူတယ်.."

"အွန်းပါ ငါနားလည်ပါတယ် မပြန်ချင်ဘူးဆိုတာကလည်း စကားအရ​ပြောတာပါ

"ကျေးဇူးပါ ကျွန်တော့ကိုနားလည်ပေးလို့ ရွတ်.."

ကုပ်သားလေးကိုနမ်းခံလိုက်ရတာကြောင့် ဂျီမင်းမျက်နာလေး ထွက်ပေါ်စပြုနေတဲ့နေရောင်နဲ့အတူရဲတတ်လာသည်..ဒီနေ့မှဂျီမင်းနှလုံးသားတစ်စုံကအရင်ကထက်ပိုနူးညံ့နေသည် အဆိုးလေးရဲ့ရင်ခွင်ကိုမှီနွဲ့ထားရင်း ထွက်ပေါ်လာတဲ့နေရောင်ကိုအတူကြည့်နေမိသည်..။ရင်ထဲမှာပြောချင်နေတဲ့စကားများကြောင့် ဂျောင်ဂု ရင်ခွင်ထဲကရုန်းထွက်ပီး မျက်နာချင်းဆိုင်ကြည့်လိုက်သည် ပီးနောက် အဆိုးလေးရဲ့မိက်လေးကိုသူ့လက်သေးသေးလေးတွေနဲ့အုပ်ကိုင်လိုက်ပီး နူတ်ခမ်းပါးလေးအောက်ကမှဲ့လေးကို့ မော့နမ်းလိုက်မိသည်။ပီး​နောက်....

အဆိုးလေးရဲ့..ကိုကိုs2Where stories live. Discover now