20unizgအဆိုးလေးရဲ့ကိုကို

978 72 5
                                    


ယောင်းမနေ့ညက ဂျောင်ဂုပြန်သွားတဲ့အချိန်ထိလိုက်မပြန်ပဲဟိုဆော့ကိုဆက်စောင့်နေခဲ့တယ်..။အချိန်တော်တော်ကြာသည်ထိမလာတာကြောင့် ထယ်ယောင်းစိတ်တိုလာရသည်..အရင်ဆိုဘယ်ချိန်ဘယ်ခါဖစ်ဖစ်သူနဲ့အတူအမြဲရှိနေတဲ့ဟိုဆော့မရှိတော့သူ့စိတ်တွေကလုံးဝမကြည်ချင်တော့ဖုန်းဆက်တော့လည်းတစ်ဖက်ကကိုင်မဲ့သူမရှိတာကြောင့် သူလက်လျှော့ခဲ့ရတယ်.ဘားကနေအချိန်တော်တော်နောက်ကျမှသူ့တိုက်ခန်းကိုပြန်ရောက်ခဲ့သည်..။စိတ်တိုချင်းတွေကိုမြိုသိပ်ကာအိပ်ယာပေါ့ပစ်လဲချလိုက်သည်...။မနက်ရောက်မှ သူဟိုဆော့ဆီသွားမယ်လို့တေးထားခဲ့သည်..။

"ဟင်းးးးအင်းး.."

မနက်ရောင်ခြည်နဲ့အတူ တစာစာအော်အြည်နေတဲ့ငှက်များကြောင့် ထယ်ယောင်းနိုးလာခဲ့ရသည်..ညကအိပ်တာအရမ်းနောက်ကျသွားတာမို့သူ့ခေါင်းတွေမကြည်ချင်..နာရီကိုကြည့်တော့လည်း မနက်၈နာရီလို့ပြသနေသည်..။
ထယ်ယောင်းအိပ်ယာကနေထ ထိုင်လိုက်ပီးတစ်ချက်မျှသမ်းဝေလိုက်သည်..။

"ဝှား...အင်း ဟို​ဆော့ဆီသွားရမှာပဲ."

ဟိုဆော့ ဆီသွားရမှာကိုသတိရလိုက်တာကြောင့်ထိုင်နေရာမှခြုံထားတဲ့စောင်ကိုဆွဲဖယ်ကာ ရေချိုးခန်းဆီအပြေးဝင်ခဲ့သည်..။အချိန်တခုပေးလိုက်တာနဲ့ ပြင်ဆင်လို့ပီးသွားသည်..။မှန်ကိုတစ်ချက်ပြန်ကြည့်ကာ ဆိုင်ကယ်သော့ယူကာတိုက်အောက်ဆင်းလာခဲ့သည်....။

........

"ကျွီ..

ဟို​ဆော့အိမ်ရှေ့ရောက်တာနဲ့ဆိုင်ကယ်ကိုခြံပြင်မှာပဲရပ်ကာ လူကတော့ ခြံထဲဝင်လာခဲ့သည်..ဟိုဆော့မှာအဖွားတစ်ယောက်ထဲရှိပေမဲ့အတူမနေအဖွားကသူ့တောရွာလေးမှာပဲနေထိုင်သည်..ဟိုဆော့ကတော့သူတို့သံယောဇဥ်ကြောင့်ကျောင်းပီးတာနဲ့ရွာမပြန်ပဲဒီမှာနေတာလို့ပြောခဲ့ဘူးသည်..။
ထယ်ယောင်းခြံထဲကိုဝင်သာဝင်လာခဲ့ပေမဲ့ တစ်ခြံလုံးကတိတ်ဆိတ်နေသည်...။အိမ်ပေါက်ဝကိုရောက်တော့လည်း တံခါးကစေ့ထားယုံပဲမို့တွန်းဖွင့်လာခဲ့သည်..အိမ်ထဲကိုဝင်လာရပေမဲ့ခုထိဟို​ဆော့အရိပ်ယောင်ကိုမတွေ့ရသေး..။ဧည့်ခန်းဆီကိုလျှောက်ခဲ့တော့မှ ဆိုဖာပေါ်မှာကွေးကွေးအေိပ်ပျော်နေတဲ့ဟိုဆော့ကိုတွေ့လိုက်ရသည်ယမြင်မြင်ချင်းဒေါသထွက်သွားပေမဲ့​​ဗိုက်ကိုဖိထားတဲ့ ဟိုဆော့ အိပ်နေတဲ့ပုံကမူမမှန်တာကြောင့် အိပ်နေတဲ့ဆိုဖာနားကိုအလျင်မြန်သွားမိသည်...။

အဆိုးလေးရဲ့..ကိုကိုs2Dove le storie prendono vita. Scoprilo ora