15unizg အဆိုးလေးရဲ့ကိုကို

1.1K 81 6
                                    

"ကျွန်တော်လက်မခံနိုင်ဘူးနော်မေမေ.."

"သားပြန်ထိုင်စမ်း ထိုင်လို့.."

မေမေကသူ့လက်ကိုအတင်းဆွဲချနေတာကြောင့်စောင့်အောင့်ထိုင်လိုက်ရသည် မျက်နာကတော့မှုန်ကုပ်ကုပ်နဲ့ သူ့နဲ့မျက်နာချင်းဆိုင်ထိုင်နေတဲ့ လေးလေးကိုဘုကြည့်ကြည့်မိပါသည်..။အကုန်ညှိ့နှိုင်းလို့ရပီ ဂျီမင်းလေးကိုပြန်အပ်ရမယ်ပြောပီး မေမေကအတင်းခေါ်လာတာကြောင့်ဂျောင်ဂုတို့ပါလာသည်..။မနက်ကမှဝုန်းဒိုင်းကျဲ ညနေဘက်ကျလက်ခံတယ်ပြောတဲ့လေးလေးစကားကို​တော့ ဂျောင်ဂု မယုံချင် မလိုက်ချင်လိုက်ချင်နဲ့သာပါလာခဲ့ရသည် သူ့လူကိုကြည့်တော့လည်း မျက်နာငယ်လေးနဲ့ သူ့ကိုတစ်ချက်မှမော့မကြည့်...။မေမေပြောတော့အကုန်ညှိနှိုင်းပီးပီသာဆိုတယ် ခုလေးလေးကသူလက်မခံနိုင်တာကြည့်ပဲ တောင်းဆိုနေသည်...။

"မဂ်လာပွဲလုပ်မှာကိုမင်းက ဘာလို့လက်မခံနိုင်ရတာလည်း ဂျွန်ဂျောင်ဂု မင်းအတွက် ဘာများ ခက်ခဲနေလို့လည်း..."

"အလုပ်ရှုပ်တယ် အလကားလူပင်ပန်းတယ် လက်ထက်လက်မှတ်ထိုးရင်ရနေပီလေ လေးလေးကဘာလို့ဒုက္ခခံချင်နေတာလည်း..."

"ငါ့တူက ဖွဲဇကွဲမဟုတ်ဘူးဂျွန်ဂျောင်ဂု လက်လွတ်စပွယ်လုပ်ရအောင်ငါ့တူကမျက်နာမွဲမဟုတ်ဘူးနော် ဘာလည်း မင်းလက်ထက်လိုက်တဲ့သတင်းကမင်းပွေရှုပ်တဲ့နေရာတွေမှာပြသနာဖစ်နိုင်လို့လား.."

"မဆိုင်တာမပြောနဲ့လေးလေး ခေါင်းရှုပ်အလုပ်ရှုပ်မခံနိုင်တာ.."

"သား ခန တိတ်တိတ်လေး နေပေးစမ်း မေမေတို့ အရက်ပြောပါရစေ.."

"မရဘူးမေမေ သားငြိမ်နေရင်လေးလေးက အကုန်တောင်းဆိုတော့မှာ သားအမလုပ်ချင်တဲ့အရာတော့ ဘာမှမ​တောင်းဆိုနဲ့မရဘူး ပတ်ခ်ဂျီမင်းခဗျားကငြိမ်နေ​တေ့မှာလား ခဗျားလေး​လေးကိုပြောလေ.."

ဂျီမင်း တချိန်လုံးဂျောင်ဂုနဲ့လေးလေး
ပြောတာတွေကိူငြိမ်ငြိမ်လေးနားထောင်နေခဲ့သည်..ဂျောင်ဂု ဆီကဆန့်ကျင်တဲ့စကားတခါထွက်လာတိုင်း သူ့ရင်ထဲဆစ်ခနဲနာကျင်ရသည်..လေးလေးတောင်ဆိုတဲ့လက်ထက်ပွဲက လုပ်ရိုးလုပ်စဥ်ပဲကိုသူကဘာကိုဝင်ပြောရမှာလည်း..သူ့ကို တန်ဖိုးမဲ့သလိုယူချင်နေတဲ့ဂျောင်ဂုကို ဂျီမင်းနူတ်ကထုတ်မပြောပေမဲ့ စိတ်​တော့ဆိုးမိသည်...ဂျောင်ဂုကိုကြည့်မိတော့လည်း အလိုမကျတာကြောင့် မျက်နာကမဲမှောင်နေသည်..သူ့ကိုကြည့်နေတဲ့အကြည့်တွေကလည်း စိတ်မရှည်ပုံကိုပြနေသည်.တကယ်အဆိုးလေး ..။

အဆိုးလေးရဲ့..ကိုကိုs2Where stories live. Discover now