26unizg အဆိုးလေးရဲ့ကိုကိုs2

1.2K 80 4
                                    

ဂျောင်ဂု ကားကိုသာမောင်းလာခဲ့သည် စိတ်ကလည်း ဂျီမင်းကို စိတ်ရောက်နေသည်..။မလာမဖြစ်လို့သာ သူလာခဲ့ရသည်.။ဖုန်းထဲကကြားနေရတဲ့ ထယ်ယောင်းအသံမှာလည်း စိတ်မရှည် စိတ်ပျက်ချင်းတွေသာကြီးစိုးနေတာကြောင့် သူထွက်လာမိခြင်း ဟန်နလာ ဆိုသူမှာလည်း သူ၏တချိန်ကချစ်သူဟောင်းပါ သူနဲ့မပျက်စဲကျပဲ နိုင်ငံခြားထွက်သွားတာကြောင့် သူနဲ့တော့ပျက်ပျက်သားသားမဖြစ်ခဲ့ပေ ဒါကိုအခွင့်ကောင်းယူပီး သူ့ကိုခြိမ်းခြောက်သလိုစကားများထယ်ယောင်းကိုပြောနေတာကြောင့် သူထွက်လာတာဆိုမှန်ပေလိမ့်မယ်..။သူထိုင်နေကျ ဘားရှေ့ဘာကင်မှာကားထိုးရပ်လိုက်ပီး ဘားထဲဝင်လာခဲ့သည်..။

"ရောက်လာပီလား ဟျောင့်.."

"အေး ဟိုမိန်းမ ဘယ်မှာလည်း "

"ဟိုဆော့နဲ့အတူတူရှိနေတယ် ငါဆက်နေရင် အ့မိန်းမက်ုတစ်ခုခုလုပ်မိမှာကြောက်လို့ အပြင်ထွက်ပီးမင်းကိုစောင့်နေတာ.."

"ဘာမဟုတ်တာ​တွေ အ့မိန်းမပြောနေသေးလည်း.."

"အဓိက က​တော့ မင်းနဲ့သူ မပျက်သေးဘူးလို့တွင်တွင်ပြောနေတာ မင်းမှာအိမ်ထောင်ရှိတယ်ပြောလည်း လက်မခံဘူး အရှက်မရှိတဲ့စကားတွေပဲပြောနေတာ ငါဖြင့်ရိုက်သတ်ချင်လိုက်တာ စိတ်ကိုမနည်းထိန်းနေရတာ ဒါနဲ့နေပါဦး မင်းနဲ့အ့မိန်းမက ဘယ်အတိုင်းတာထိ ပတ်သတ်ခဲ့လည်း."

"ဟျောင့် ငါ့ကိုအ့မျက်လုံးနဲ့လာမကြည့်နဲ့ အ့မိန်းမနဲ့ ဖက်ယုံနမ်းယုံအပြင် ဘာမှမပိုခဲ့ဘူး မင်းတို့သိသားပဲ ငါ့ထိတွေ့နိုင်တာ ငါ့အိမ်ကလူအပြင်တခြားဘယ်သူမှမရှိဘူး"

"အဲ့တာဆို မင်းကဘာလိူ့ ဟန်နလာဆိုတာနဲ့ ချက်ချင်းဒီကိုလာခဲ့ရတာလည်း.."

"ဟ့ မလာလို့ရမလား အ့မိန်းမကအကျင့်ကောင်းတာမဟုတ်ဘူး သူဒီကိုပြန်လာတာ အလည်လား အပီးလည်းမသိဘူး သူနဲ့ငါ့ကိစ္စပျက်ပျက်သားသားလုပ်ရမှာ မဟုတ်ရင် အ့မိန်းမကလွယ်တာမဟုတ်ဘူး ငါ့လူကိုလာထိမှာဆိူးလို့.."

"မင်းလူကို ထိမှာကြောက်တယ်ပေါ့".

"ငါ့လူကအေးချမ်းတဲ့အမျိုးသားလေးမို့ ဘာမဟုတ်တာလေးအတွက်နဲ့စိတ်မညစ်စေချင်ဘူး"

အဆိုးလေးရဲ့..ကိုကိုs2Where stories live. Discover now