27unizg အဆိုးလေးရဲ့ကိုကိုs2

895 56 7
                                    

မောင်သူ့ကိုဖွင့်ပြောပီးကတည်းကသူ့ကိုအရိပ်လိုလိုက်ကြည့်နေသည် အရင်ကထပ်ပိုဂရုစိုက်သလို ချစ်တဲ့အကြောင်းကိုလည်း ခနခနဝန်ခံဖွင့်ပြောတတ်ပါသေးတယ် နောက်ပီး အရင်ကလိုဆိုင်ကယ်ပြိုင်ပွဲ​ကြည့်မပြိုင်တော့ပဲ အလုပ်တစ်ခုကို သူငယ်ချင်းသုံးယောက် ဇောက်ချလုပ်ကိုင်နေသည်..။သူတို့ကျွမ်းကျင်တဲ့ ဆိုင်ကယ်နဲ့ကားအပိုပစ္စည်းများကိုမှန်မှန်ကန်ကန်ဝယ်ရောင်းလုပ်တာကြောင့် သူတို့ရဲ့ဆိုင်လေးက တခြားသူ​တွေထက်ပိုရောင်းရသလို ဝင်ငွေလည်း ပိုရပါသည်.ဝါသနာအရ ဝပ်ရှော့ပါ တွဲဖွင့်ထားတာမို့ သူတိုအတွက် ပိုအဆင်ပြေသည်..။..။လေးလေးနဲ့လည်း မျက်နာချင်းဆိုင်မိရင် စကားမများတော့ပေ..။လေးလေးသည်လည်း အရင်လိုပူညံပူညံမလုပ်တော့တောကြောင်​့ ဂျီမင်း စိတ်ချမ်းသာရပါတယ်..။ဒီနေ့လည်း မောင်နဲ့လေးလေးက အလုပ်ကိုယ်စီသွားကျတာမို့ အိမ်မှာသူတစ်ယောက်ထည်းကျန်နေခြင်း..။ဒါကြောင့် တခုခုလုပ်စားရန်မီးဖို​ဆောင်ကိုဝင်လာခြင်းဖြစိတယ်...။

"ဒါဘာတွေလုပ်နေတာလည်း မောင့်အပိုင်လေး.."

အ​တွေးများနဲ့ မီးဖိုး​ဆောင်ထဲမှာခေါက်ဆွဲပြုတ်စားရန်ပြင်ဆင်နေတုန်း သူ့အဆိုးလေးကရောက်လာပီးမေးတာကြောင့် ရုတ်တရပ် မို့လန့်သွားရသည်..။

"ဟင်..မောင်ပြန်လာတ စောသားပဲ.."

"ကျစ် လန့်သွားတာလား မောင့်အပိုင်လေးက sorry ကွာ sorryနော် မောင်ဝင်လာတာမြင်တယ်ထင်လို့ အသံမြှင့်ပြောလိုက်တာ..ဟုတ်တယ် ဒီနေ့မောင်အစောပြန်လာတာ.. အများကြီး လန့်သွားလား.."

"ဟီး ရုတ်တရပ် မို့ပါ​မောင်ရဲ့ ဘာမှမဖြစ်ပါဘူး "

သူ့ကိုပြုံးပြကာ ခေါက်ဆွဲထုပ်​တွေကိုယူနေတာကြောင့် ဂျီမင်းနောက်နားသွားကာ ခါးလေးကနေဂျောင်ဂုဖက်ထားလိုက်သည်..။သူ့နှာခေါင်းကိုလည်း သူ့အပိုင်လေးရဲ့ ဂုတ်သားနဲ့လည်ပင်းကြားအပ်ကာ ကိုယ်သင်းနံ့လေးကို အဝရှူရှိုက်လိုက်သည်.။

"မောင် မေးနေတာဖြေပါဦး ခုဘာစားချင်လိူ့ ဘာ​တွေလုပ်နေတာလည်း.."

"အင်းးးးအရသာရှိတဲ့ခေါက်ဆွဲလေးစားချင်တယ်.."

"ဒါပဲလား မောင်လုပ်ကျွေးမယ် မောင့်အပိုင်ဂျီမင်းလေးက မောင့်ဘေးမှာငြိမ့်ငြိမ်လေးထိုင်နေပေး ဟုတ်ပီလား "

အဆိုးလေးရဲ့..ကိုကိုs2Where stories live. Discover now