အပိုင်း ၃ : စိတ်ဝိညာဉ်

514 110 9
                                    

[Unicode]

ရူး‌နေတာလား ???

ဝမ်းရှီသည် စမတ်ဖုန်းများအကြောင်း နားမလည်သည့်တိုင် လူစကားကိုတော့ နားလည်နိုင်သေးသည် ။ အိမ်ငှားပွဲစား၏အသံကို နားထောင်ပြီးနောက် သူသည် ရှချောင်အား လက်ယှက်ခေါ်ကာ အနားတိုးလာရန် အချက်ပြလိုက်သည် ။

ရှချောင်သည် ‌ဘာကြောင့်ရယ်မသိသော်လည်း အနားတိုးလာကာ နားစွင့်ပေးလာ၏ ။

သူ၏ဝမ်းကောက မတရားကြည့်ကောင်းသောမျက်နှာနှင့်အတူ သာယာနာပျော်ဖွယ် ခပ်မိုက်မိုက်စကားသံဖြင့် အင်မတိအင်မတန် စိတ်ခံစားချက်အပြည့်နှင့် မေးခွန်းတစ်ခုကို မေးလာခဲ့သည် ။ "ဒါကအရင်တုန်းက ဖုန်း‌ခေါ်သလိုမျိုးလား ? ငါအခုလိုစကားပြောရင်ရော ဟိုဘက်က ကြားရလား ? "

ရှချောင် : "....."

ဒီဂျန်နရေးရှင်းကွာနေတာကြီးကိုကျော်ဖို့ သူပေါင်နှစ်ချောင်း ဖြဲကားရတော့မှာပဲ ။

ရှချောင်သည် တစ်ခဏမျှ တွေးလိုက်ပြီးနောက် ဖုန်းကိုကိုင်ကာ ခလုတ်၉ခုပါသည့် ကီးဘုတ်အဖြစ်ပြောင်းလျက် ပြောလိုက်သည် ။ "ကော...ဒါကို ကြေးနန်းပို့သလိုမျိုးပဲလို့ သဘောထားလိုက် "

ဝမ်းရှီ သဘောပေါက်သွားသည် ။ သူသည် ကိုယ်ကိုမတ်ကာ ဖုန်းစခရင်အား ညွှန်ပြလိုက်ပြီး ပြောလာသည် ။ "ဒါဆို သူ့ကိုပြန်ပို့လိုက် ။ ဘယ်အချိန်ဖြစ်ဖြစ် အဆင်ပြေတယ်လို့ "

ရှချောင် : ".....ကျွန်တော့်အတွက်တော့ အဆင်ပြေတယ် မထင်ဘူးနော် "

ဝမ်းရှီ၏မျက်ခုံးများ တွ့န်ချိုးသွားသည် ။

ရှချောင်က ဂုတ်ကလေးပုကာ ပြောလာ၏ ။ "ကောရယ်...ဒီနေ့က လူ‌တွေအများကြီးရှိနေလို့သာ ဘာမှမဖြစ်ဘူးထင်ရတာ ။ ညညကျရင် ကျွန်တော်တို့အိမ်နားမှာ ဘယ်လိုတွေလဲဆိုတာ ကောတစ်ခါမှ မမြင်သေးလို့ "

"ဘယ်လိုမို့လို့လဲ ? "

"အတော်ကြောက်စရာကောင်းတာ ။ ကျွန်တော် ဒီမှာ အဘိုးနဲ့ ၁၀နှစ်ကျော်လောက် နေလာခဲ့တာတောင် အခုထိ ညကျရင် အပြင်ထွက်ဖို့မပြောနဲ့ ၊ အိမ်သာတောင်တစ်ယောက်တည်း မသွားရဲပါဘူးဆို "

မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်း』〘မြန်မာဘာသာပြန်〙Where stories live. Discover now